International Organizations
စားပွဲတင်တင်းနစ် ကမ္ဘာ့ချန်ပီယံ ဖောင်း က အားကစားပြိုင်ပွဲကြီးသုံးခုမှအပ ကာဇက်စတန်နိုင်ငံကို ကိုယ်စားပြုကစားမည်
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဖလားနှင့် ကမ္ဘာ့ချန်ပီယံရှစ်ချန်ပီယံဆုများ ရရှိခဲ့သော တရုတ်နိုင်ငံ၏ အမျိုးသားစားပွဲတင်တင်းနစ်အသင်း၏ အဖွဲ့ဝင်ဟောင်း ဖောင်းပေါ် က အိုလံပစ်ပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများမှအပ အခြားအနာဂတ်ပြိုင်ပွဲများတွင် ကာဇက်စတန်နိုင်ငံအား ကိုယ်စားပြုကစားမည်ဟု ဧပြီ ၂၀ ရက်၌ ကြေညာခဲ့သည်။
“ကျွန်တော်ပြန်လာပြီဖြစ်ကြောင်း အသိပေးကြေညာအပ်သလို ကျွန်တော့်အနေနဲ့ ကာဇက်စတန်နိုင်ငံကို ကိုယ်စားပြုကစားမှာဖြစ်ပါတယ်” ဟု ဖောင်း က တရုတ်လူမှုမီဒီယာပလက်ဖောင်း Weibo တွင် ရေးသားခဲ့သည်။ “ကျွန်တော်က Nomad Table Tennis Academy နဲ့ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ထားပြီး ဇွန်လမှစတင်ကာ ကမ္ဘာ့စားပွဲတင်တင်းနစ်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်” ဟုလည်း ရေးသားခဲ့သည်။
“ကျွန်တော်က တရုတ်နိုင်ငံသားအဖြစ် ခံယူထားဆဲပါ။ အဓိက အားကစားပြိုင်ပွဲကြီးသုံးခုမှာတော့ မယှဉ်ပြိုင်တော့ပါဘူး” ဟုလည်း ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။
အသက် ၃၄ နှစ်အရွယ် ဖောင်း က ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၁၆ ခုနှစ် ကမ္ဘာ့အသင်းလိုက်ချန်ပီယံရှစ်ပြိုင်ပွဲများတွင် တရုတ်နိုင်ငံကို အနိုင်ရရှိစေရန် ကူညီပေးခဲ့သည်။ ၎င်းက စူးကျိုးမြို့တွင် ကျင်းပသည့် ၂၀၁၅ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ ရောက်ရှိပြီးနောက် အသင်းဖော် မာလုန် ကို ရှုံးနိမ့်ခဲ့သည်။
ဖောင်း က ၂၀၂၁ ခုနှစ်တွင်မူ တရုတ်အသင်းမှ အနားယူကြောင်း ကြေညာခဲ့သည်။
“စားပွဲတင်တင်းနစ်အပေါ် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်ပြန်ကစားရတဲ့ အကြောင်းရင်းအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ကျွန်တော့်ရဲ့ ကန့်သတ်ချက်တွေကို နောက်တစ်ကြိမ် စိန်ခေါ်ချင်ပါတယ်” ဟုလည်း ၎င်းက နိဂုံးချုပ်ရေးသားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စားပွဲတင်တင်းနစ်လေ့ကျင့်ရေးစင်တာတစ်ခု၌ တရုတ်အမျိုးသားအသင်း ဝါရင့် ကစားသမား ဖောင်းပေါ် ကို ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စားပွဲတင်တင်းနစ်လေ့ကျင့်ရေးစင်တာတစ်ခု၌ တရုတ်အမျိုးသားအသင်း ဝါရင့် ကစားသမား ဖောင်းပေါ် ကို ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Table tennis world champion Fang to represent Kazakhstan, excluding three majors
BEIJING, April 20 (Xinhua) — Fang Bo, a former member of China’s men’s table tennis team that won World Cup and World Championships titles, announced on Monday that he would represent Kazakhstan in future competitions, excluding the Olympic Games, World Championships and World Cup.
“I announce my return and will represent Kazakhstan,” Fang wrote on Chinese social media platform Weibo. “I have established cooperation with Nomad Table Tennis Academy, and I plan to compete in World Table Tennis events from June.”
“I still hold Chinese nationality. I will not compete in the three majors,” he added.
Fang, 34, helped China win the 2015 Team World Cup and the 2016 World Team Championships. He reached the final of the 2015 World Championships in Suzhou before losing to teammate Ma Long.
Fang announced his retirement from the Chinese team in 2021.
“My love for table tennis remains as the reason why I come back. I want to challenge my limits once again,” he concluded. ■
English Caption 1-3
Veteran Chinese national team player Fang Bo is seen in a table tennis training center in Beijing on 2022 April 6. (Photos by Bian Yuxiang)
