Connect with us

Asia

၂၀၂၆ ခုနှစ် နိုင်ငံတကာ တရုတ်ဘာသာစကားနေ့ကို ကမ္ဘောဒီးယားနိုင်ငံ ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် ကျင်းပသည့် တရုတ်-ကမ္ဘောဒီးယား ယဉ်ကျေးမှုပြပွဲ၌ ကိုယ်တိုင်ရေးသားထားသော တရုတ်စာလုံးအား ပြသနေသည့် မိန်းကလေးတစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် နိုင်ငံတကာ တရုတ်ဘာသာစကားနေ့ကို ဂုဏ်ပြုဆင်နွှဲကာ ဒေသခံတာဝန်ရှိသူများ၊ ပညာရေးပညာရှင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် တရုတ်ဘာသာစကား ဝါသနာရှင် ရာပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပညာရေး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဧပြီ ၂၁ ရက်၌ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်အကယ်ဒမီ၏ ကွန်ဖြူးရှပ်အင်စတီကျုတွင် ဧပြီ ၂၀ ရက် မွန်းလွဲပိုင်း၌ ကျင်းပသော အဆိုပါအခမ်းအနားတွင် ပညာရေး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးလည်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟန်ချွန်နာရွန်က ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံမဏိကဲ့သို့ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးအတွက် မဟာဗျူဟာမြောက် တံတားတစ်စင်းအဖြစ် တရုတ်ဘာသာစကား၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။
ကမ္ဘောဒီးယားပညာရေးစနစ်တွင် တရုတ်ဘာသာစကားပညာရေးက အလျင်အမြန် တိုးတက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
“၂၁ ရာစုမှာ အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ရယူရာမှာ ကမ္ဘောဒီးယားလူငယ်တွေအတွက် တရုတ်ဘာသာစကားကျွမ်းကျင်မှုက အဓိကယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ဖြစ်ပါတယ်” ဟု ချွန်နာရွန်က ပြောကြားခဲ့သည်။
“ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်တာဟာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီဖြစ်ရုံမဟုတ်ဘဲ ၂၀၅၀ ပြည့်နှစ်မှာ ဝင်ငွေမြင့်မားတဲ့နိုင်ငံဖြစ်လာဖို့ မျှော်မှန်းချက်ဆီရှေးရှုတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုတဲ့ တွန်းအားလည်း ဖြစ်စေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် ကျောင်းသား/ကျောင်းသူများကို တရုတ်ဘာသာစကား သင်ယူရန်လည်း ဝန်ကြီးက အားပေးခဲ့သည်။
အဆိုပါပွဲအခမ်းအနားတွင် တက်ရောက်လာသူများက တရုတ်ယဉ်ကျေးမှုပြပွဲအား ကြည့်ရှုကြခဲ့ကာ တရုတ်လက်ရေးလှရေးသားခြင်းကိုလည်း လေ့လာခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Cambodia marks 2026 International Chinese Language Day
PHNOM PENH, April 21 (Xinhua) — Cambodia has celebrated the 2026 International Chinese Language Day, captivating hundreds of local officials, educators, students and Chinese language enthusiasts, said a news release from the Ministry of Education, Youth and Sport on Tuesday.
Speaking at the event held on Monday afternoon at the Confucius Institute of the Royal Academy of Cambodia, Cambodian Deputy Prime Minister Hang Chuon Naron, who is also the minister of Education, Youth and Sport, highlighted the importance of the Chinese language as a strategic bridge in strengthening the iron-clad friendship and cooperation between Cambodia and China.
He said Chinese language education has grown rapidly in the Cambodian education system.
“Chinese proficiency is a key competitive advantage for Cambodian youth in seizing job and business opportunities in the 21st century,” Chuon Naron said.
“Mastering the language not only helps in personal development, but also serves as a catalyst for Cambodia’s economic development toward the kingdom’s 2050 vision of becoming a high-income country,” he added.
The minister encouraged students to learn Chinese in order to contribute further to the development of Cambodia-China relations.
At the event, participants also enjoyed a Chinese cultural show and experienced Chinese calligraphy. ■
English Caption
A girl presents her written Chinese character at a Chinese-Cambodian cultural exhibition in Phnom Penh, Cambodia, on Feb. 7, 2026. (Photo by Phearum/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.