Connect with us

Asia

အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် ပါကစ္စတန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံအကြား ဆွေးနွေးပွဲအတွက် မီဒီယာစင်တာ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီရှက် ဒါသည် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယတ် အာဘတ်စ် အာရက်ဂ်ချီနှင့် ဧပြီ ၂၀ ရက်၌ စကားပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ခဲ့သည်။
သံတမန်ရေးလမ်းကြောင်းမှတစ်ဆင့် ကျန်ရှိနေသောကိစ္စရပ်များကို ဖြေရှင်းရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး မြှင့်တင်ရန် ဆွေးနွေးညှိနှိုင်းမှုများနှင့် ဆောလျင်စွာ ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒါက အလေးထားပြောခဲ့သည်။
ထို့နောက် အနီးကပ် စေ့စပ်ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရန်လည်း နှစ်ဘက်လုံးက သဘောတူခဲ့ကြကြောင်း အီရန်နိုင်ငံခြားရေးရုံးက ဆိုသည်။
ယင်းမှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးအကြား ၂၄ နာရီမျှအချိန်အတွင်း ဒုတိယအကြိမ်မြောက် ဆက်သွယ်ဆွေးနွေးမှုလည်းဖြစ်ကာ ပါစ္စတန်နိုင်ငံအနေဖြင့် ဒေသတွင်း တင်းမာမှုများကို ငြိမ်းချမ်းစွာ အဖြေရှာရန် ဆက်လက်ထောက်ခံအားပေးရေးအတွက် သံတမန်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Pakistan, Iran FMs discuss ceasefire efforts, regional stability
ISLAMABAD, April 20 (Xinhua) — Pakistan’s Foreign Minister Mohammad Ishaq Dar on Monday spoke with his Iranian counterpart Seyed Abbas Araghchi and discussed ceasefire efforts and regional stability, the Foreign Office said.
Dar stressed the need for continued dialogue and early engagement to resolve pending issues through diplomatic channels and promote peace in the region.
Both sides agreed to remain closely engaged, said the office.
This was the second contact between the two foreign ministers in less than 24 hours, reflecting intensified diplomatic efforts as Pakistan continues to support peaceful resolution of regional tensions.
Photo: This photo taken on April 11, 2026 shows an exterior view of the press center for the talks between the United States and Iran in Islamabad, Pakistan. (Photo by Ahmad Kamal/Xinhua)