China
၁၆၄ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု စတင်
ကူမင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
၁၆၄ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုကို ဧပြီ ၂၀ ရက်တွင် စတင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ပြန်ကြားရေးရုံးမှ သိရသည်။
ယခုအကြိမ်လှုပ်ရှားမှုတွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဝန်ထမ်း စုစုပေါင်း ၁၃၁ ဦး၊ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၅ စင်း စေလွှတ်မည်ဖြစ်ပြီး တရုတ်ဘက် အမှတ် ၅၃၁၀၈ ရေယာဉ်၌ လှုပ်ရှားမှုကွပ်ကဲရေးဌာန ထားရှိကာ လေးနိုင်ငံမှ ကွပ်ကဲရေးမှူးများက လှုပ်ရှားမှုကို အတူတကွ ညွှန်ကြားကွပ်ကဲသွားမည်ဖြစ်သည်။
လှုပ်ရှားမှုတွင်ပါဝင်သည့် တရားဥပဒေစိုးမိုးရေးရေယာဉ်များသည် တရုတ်နိုင်ငံ ကျင်ဟား၊ လာအိုနိုင်ငံ ပန်ရှန်ကော်၊ မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းတို့မှ စတင်ထွက်ခွာခဲ့သည်။ ဘက်အသီးသီးက လှုပ်ရှားမှုအစီအစဉ်အရ အပိုင်းလိုက်ကင်းလှည့်ပြီးနောက် မဲခေါင်မြစ်ပေါ်ရှိ ကြိုတင်သတ်မှတ်ထားသော ရေပြင်၌ဆုံစည်းကာ ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု လုပ်ဆောင်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် မြစ်ဝှမ်းဒေသ လိမ်လည်မှု၊ မှောင်ခိုသယ်ဆောင်မှု၊ တရားမဝင်ပြည်ဝင်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သည့်လှုပ်ရှားမှုအမျိုးမျိုးကို တိုက်ဖျက်သွားကာ ဖြတ်သန်းသွားလာသော သင်္ဘောနှင့် မြစ်ဝှမ်းအနီးတစ်ဝိုက်ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။
လှုပ်ရှားမှုမစတင်မီ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ ကွပ်ကဲရေးမှူးများက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ပြည်နယ်ခွဲ ကျင်ဟုန်မြို့ရှိ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေး ပူးတွဲကွပ်ကဲမှုဌာန၌ ကွပ်ကဲရေးမှူး ပူးတွဲအစည်းအဝေး ကျင်းပခဲ့ရာ လှုပ်ရှားမှုအသေးစိတ်နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်း၍ သဘောတူညီချက်စုစည်းခဲ့ကြောင်း၊ “သိပ္ပံနည်းပညာဖြင့် စွမ်းရည်မြှင့်တင်ပြီး ပူးတွဲကင်းလှည့်မှု၏ အရည်အသွေးထိရောက်မှု တိုးမြှင့်ခြင်း” ခေါင်းစဉ်ဖြင့် ဆက်စပ်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဖလှယ်မှု လှုပ်ရှားမှုများ တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် အတည်ပြုခဲ့ရာ လေးနိုင်ငံ ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးမှုကို တစ်ဆင့်တိုး နက်ရှိုင်းခိုင်မြဲလာရန် အားဖြည့်ပေးခဲ့သည်။
ယခုအကြိမ်လှုပ်ရှားမှုကာလအတွင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနသည် ထိုင်းနိုင်ငံ Chiang Saen ၌ သတင်းအချက်အလက်ဖလှယ်ရေးပွဲကိုလည်း ကျင်းပပြီး မဲခေါင်မြစ်ဝှမ်းဒေသ လတ်တလောကာလ အခြေအနေကို အတူတကွသုံးသပ်ကာ နောက်တစ်ဆင့် အဓိကထား တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မည့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို လေ့လာအတည်ပြုသွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဘက်အသီးသီးက မဲခေါင်မြစ် ရွှေတြိဂံမှ ပန်ရှန်ကော် ရေပြင်တွင် ပူးတွဲအခြေစိုက်လေ့ကျင့်ရေး လုပ်ဆောင်သွားမည်ဖြစ်ရာ လက်တွေ့အပြင်အဆင်၊ လက်တွေ့ကွင်းဆင်း တိုက်ပွဲဝင်မှုပုံစံဖြင့် သိပ္ပံနည်းပညာသုံး တရားဥပဒေစိုးမိုးရေး အတွေ့အကြုံများကို ဖလှယ်မျှဝေကာ လေးနိုင်ငံ တရားဥပဒေစိုးမိုးရေး၏ တိကျမှုနှင့် မြင့်မားသောထိရောက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ (Xinhua)
—————–
(Chinese Version)
第164次中老缅泰湄公河联合巡逻执法行动启动
新华社昆明4月20日电(记者王研)记者从云南省公安厅新闻办获悉,第164次中老缅泰湄公河联合巡逻执法行动4月20日启动。
本次行动中老缅泰四国共派出执法队员131人、执法艇5艘,在中方53108艇设行动指挥所,四方指挥官共同指挥行动。参与行动的执法艇分别从中国景哈、老挝班相果、缅甸万崩码头启航,各方按照行动计划开展分段巡逻后,将在湄公河既定水域会合共同开展联合巡逻执法行动,重点开展打击流域涉诈、走私、偷渡等各类跨境违法犯罪活动,全力维护往来船只及流域周边安全。
行动启动前,中老缅泰四国指挥官在位于云南省西双版纳州景洪市的中老缅泰湄公河联合巡逻执法联合指挥部召开指挥官联席会,围绕行动细节深入磋商、凝聚共识,明确以“科技赋能强本领、联巡护航提质效”为主题,同步开展系列执法合作交流活动,助推四国联合执法进一步走深走实。
此次行动期间,四国执法部门还将在泰国清盛召开信息交流会,共同分析湄公河流域近期形势,研究确定下一步重点执法合作事宜。同时,各方还将在湄公河金三角至班相果水域开展联合驻训,通过实装实景实战的方式,交流分享科技赋能执法经验,提升四国联合执法的精准性和高效性。(完)
图说:中方执法艇驶离景哈警务码头。(云南省公安厅水上巡逻总队供图)
