China
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တုန့်လူမျိုးရွာတွင် “စန်းယွဲ့စန်း” ပွဲတော် ပျော်ရွှင်စွာဖြတ်သန်း
ကျိန့်ယွမ် (ကွေ့ကျိုး)၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
၄၁ ကြိမ်မြောက် ပေါက်ကျင်း “စန်းယွဲ့စန်း” တိုင်းရင်းသားဓလေ့ ယဉ်ကျေးမှုပွဲတော် အခမ်းအနားကို ဧပြီ ၁၈ ရက်မှ ဧပြီ ၂၁ ရက်အထိ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်ခရိုင် ပေါက်ကျင်း တုန့်လူမျိုးကျေးရွာ၌ ကျင်းပခဲ့သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လှည့်လည်သရုပ်ပြမှု၊ ကြက်သွန်မြိတ်တောင်း၍ အချစ်သက်သေထူခြင်း၊ တုန့်လူမျိုးသီချင်း အပြန်အလှန်သီဆိုခြင်း စသည့် တိုင်းရင်းသားဓလေ့ လှုပ်ရှားမှုများ ကျင်းပကာ “စန်းယွဲစန်း” ပွဲတော်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။
ပေါက်ကျင်း “စန်းယွဲစန်း” ပွဲတော်သည် ဒေသတွင်း တုန့်လူမျိုးရိုးရာပွဲတော်ဖြစ်ပြီး “ပျိုးကြဲပွဲတော်” ဟုလည်း အမည်ရကာ အများအားဖြင့် “ကြက်သွန်မြိတ်တောင်းပွဲတော်” ဟု ခေါ်ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်ခရိုင် ပေါက်ကျင်း တုန့်လူမျိုးရွာ၌ “စန်းယွဲစန်း” ပွဲတော် တိုင်းရင်းသားဓလေ့ အခမ်းအနား တက်ရောက်နေသည့် တုန့်လူမျိုးပြည်သူက ပွဲတော်အချိန်အခါ ဝတ်စုံများ ဆင်ယင်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်ခရိုင် ပေါက်ကျင်း တုန့်လူမျိုးရွာ၌ “စန်းယွဲစန်း” ပွဲတော် တိုင်းရင်းသားဓလေ့ အခမ်းအနားတွင် စည်းလုံးခြင်းအက ကခုန်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————————-
(Chinese Version)
贵州报京侗寨欢度“三月三”新华社照片,镇远(贵州),2026年4月19日 4月18日至21日,第四十一届报京“三月三”民俗文化节活动在贵州省镇远县报京侗寨举行,通过非遗巡游、讨葱定情、侗歌对唱等民俗活动,欢度“三月三”。报京“三月三”是当地侗族传统节日,又名“播种节”,俗称“讨葱节”。 图说1:4月19日,侗族姑娘在贵州省镇远县报京侗寨参加“三月三”讨葱定情活动。 新华社记者 杨文斌 摄图说2:4月19日,在贵州省镇远县报京侗寨,参加“三月三”民俗活动的侗族群众在整理节日服装。新华社记者 杨文斌 摄图说3:4月19日,人们在贵州省镇远县报京侗寨“三月三”民俗活动中跳团圆舞(无人机照片)。新华社记者 杨文斌 摄
