Connect with us

China

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဩစတြီးယားနိုင်ငံကို ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ် ချိတ်ဆက်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် မြို့တော်ရှီးအန်းရှိ ယဉ်ကျေးမှုအမွေအနှစ်နေရာဥယျာဉ်တွင် နွေဦးရာသီမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၏ မြို့တော်ရှီးအန်းနှင့် ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာကို ချိတ်ဆက်ထားသည့် ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်မှာ ဧပြီ ၂၀ ရက် အစောပိုင်း၌ ထွက်ခွာခဲ့ရာ ယင်းမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှ ဩစတြီးယားနိုင်ငံသို့ ပထမဆုံး တိုက်ရိုက်လေကြောင်းဝန်ဆောင်မှု စတင်ခြင်းအထိမ်းအမှတ် ဖြစ်သည်။

China Eastern လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် MU5063 အဖြစ် ပြေးဆွဲသည့် Airbus A330 ကိုယ်ထည်ကျယ် လေယာဉ်မှာ ရှီးအန်း ရှန်ယန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၁:၅၂ နာရီတွင် ထွက်ခွာခဲ့ခြင်းဖြစ်သည်။ 

ထိုလမ်းကြောင်းကို သီတင်းပတ်တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုထပ်တိုးခြင်းဖြင့် China Eastern လေကြောင်းလိုင်းက ယခုအခါ ရှီးအန်း ရှန်ယန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံတကာလမ်းကြောင်း ၁၆ ခုကို ပြေးဆွဲပြီး ရှီးအန်းမြို့အား ကမ္ဘာတစ်ဝန်းရှိ နေရာ ၁၄ ခုသို့ ချိတ်ဆက်ပေးသည်။သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ဩစတြီးယားနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံတွင် ရက် ၃၀ အထိနေထိုင်ခွင့်ရှိသည့် တစ်ကြိမ်ဝင်ရောက်ခြင်းဆိုင်ရာ ရပ်နားနေထိုင်ခွင့်အတွက် ဗီဇာ ကင်းလွတ်ခွင့်ရှိသည်။ ဩစတြီးယားနိုင်ငံအတွက် အဆိုပါတစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့်မူဝါဒမှာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အကျုံးဝင်ကြောင်း သိရသည်။ (Xinhua)

……………………………………………………………..

(English Version)

First direct flight links northwest China, AustriaXI’AN

April 20 (Xinhua) — 

The first direct flight connecting Xi’an, capital of northwest China’s Shaanxi Province, and Vienna, Austria, took off in the early hours of Monday, marking the inauguration of the first direct air service from northwest China to Austria.An Airbus A330 wide-body aircraft, operating as China Eastern Airlines flight MU5063, departed from Xi’an Xianyang International Airport at 1:52 a.m. local time. This route will be operated three times per week.With this addition, China Eastern Airlines now operates 16 international routes from Xi’an Xianyang International Airport, connecting the city to 14 destinations worldwide.Austrian citizens holding ordinary passports are exempt from visa requirements for 

single-entry stays in China of up to 30 days. This unilateral visa exemption policy for Austria is valid until Dec. 31, 2026. ■English CaptionThis photo taken on April 1, 2026 shows the spring view at a heritage site park in Xi’an, northwest China’s Shaanxi Province. (Xinhua/Shao Rui)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.