Connect with us

China

ယူနန်ပြည်နယ် ဖူရှန်းရေကန်၏ စိမ်းလဲ့ကြည်လင်နေသည့် ရေလှိုင်းကလေးများက ခရီးသွားဧည့်သည်များကို စွဲမက်စေ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ရှိ ဖူရှန်းရေကန်တွင် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယွိရှီး (ယူနန်)၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

နွေဦးကာလ ပန်းပေါင်းစုံပွင့်လန်းသည့် ရာသီချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ရှိ ဖူရှန်းရေကန်သည် မှန်တစ်ချပ်ပမာ စိမ်းလဲ့ကြည်လင်ပြီး ရေကန်နံဘေး၌လည်း လတ်ဆတ်သောပန်းများ ဝေဝေဆာဆာ ပွင့်လန်းလျက်ရှိရာ ခရီးသွားဧည့်သည်များ အဆက်မပြတ် လာရောက်လျက်ရှိသည်။
ယခုနှစ်များတွင် ယင်းဒေသသည် “ရေကန်များအား စီမံခန့်ခွဲခြင်း” မှ “မြစ်ချောင်းအင်းအိုင်တစ်လျှောက် စီမံခန့်ခွဲခြင်း” အထိ တိုးတက်မှုကို ဘက်စုံတွန်းအားပေးဆောင်ရွက်ခဲ့ရာ ဖူရှန်းရေကန်၏ ရေအရည်အသွေးမှာ ကောင်းမွန်သည့်အဆင့်ကို တည်ငြိမ်စွာ ထိန်းထားနိုင်ပြီး ခရီးသွားဧည့်သည်များ လာရောက်လိုသည့် “ကဗျာဆန်သော ဝေးရပ်တစ်နေရာ” ဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ရှိ ဖူရှန်းရေကန်၏ ရှုမြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………..

(Chinese Version)
云南抚仙湖:碧水漾清波 湖光醉游人
新华社照片,玉溪(云南),2026年4月19日
春暖花开时节,云南玉溪抚仙湖澄澈通透,碧水如镜,湖畔鲜花盛开,游人络绎不绝。 近年来,当地全面推进从“湖泊之治”向“流域之治”的跨越,抚仙湖水质稳定保持优良水平,成为游客心中向往的“诗与远方”。 新华社记者 彭奕凯 摄
1.4月18日,游客在抚仙湖畔游玩(无人机照片)。新华社记者 彭奕凯 摄
2.4月18日拍摄的抚仙湖风光(无人机照片)。新华社记者 彭奕凯 摄