Connect with us

Asia

ဂျပန်က လက်နက်တင်ပို့မှု စည်းမျဉ်းများကို ပြင်ဆင်ပြီး သေစေနိုင်သော လက်နက်များ တင်ပို့ခြင်းကို ခွင့်ပြု

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြသူများက ဆိုင်းဘုတ်များကိုင်ဆောင်၍ လူထုစုဝေးပွဲတွင် ပါဝင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရသည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဧပြီ ၂၁ ရက်တွင် အတည်ပြုခဲ့ပြီး “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” နှင့် ၎င်း၏ လည်ပတ်အသုံးပြုမှုလမ်းညွှန်ချက်များ ပြင်ဆင်မှုကို ပြီးမြောက်ခဲ့ရာ  အခြေခံမူအရ သေစေနိုင်သော လက်နက်များ တင်ပို့ခြင်းကို ခွင့်ပြုမည်ဖြစ်ကြောင်း ဂျပန် Kyodo News ၏ သတင်းဖော်ပြချက်အရ သိရသည်။စည်းမျဉ်းများကို ပြင်ဆင်ပြီးနောက် ဂျပန်နိုင်ငံသည် ယခင်က လက်နက်တင်ပို့မှုကို တိုက်ခိုက်ရေး၌ အသုံးပြုခြင်း မဟုတ်သော အမျိုးအစား ၅ မျိုးအတွင်းသာ ကန့်သတ်ထားသည့် ကန့်သတ်ချက်များအား ရုပ်သိမ်းခဲ့ပြီး သေစေနိုင်သော လက်နက်များ တင်ပို့ခြင်း အပါအဝင် လက်နက်ကုန်ချောများ တင်ပို့မှုကို ခွင့်ပြုထားကြောင်း၊ အထူးသတ်မှတ်ထားသည့်အခြေအနေများတွင် ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများထံ လက်နက်များ တင်ပို့ခြင်းကိုလည်း ခွင့်ပြုထားကြောင်း သတင်းအရ သိရသည်။စည်းမျဉ်းအသစ်အရ ဂျပန်လက်နက်တင်ပို့မှုကို ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့က စိစစ်အတည်ပြုမည်ဖြစ်ပြီး အတည်ပြုပြီးနောက် လွှတ်တော်ထံ အစီရင်ခံမည်ဖြစ်သည်။

ဂျပန်နိုင်ငံသည် ကာလရှည်ကြာစွာ “ငြိမ်းချမ်းရေးနိုင်ငံ” အဖြစ် ရပ်တည်လာခဲ့ပြီး ယခုအကြိမ် ပြင်ဆင်မှုသည် ဂျပန်နိုင်ငံ လုံခြုံရေးအာမခံချက်မူဝါဒ၏ အရေးပါသော ပြောင်းလဲမှုဖြစ်ကြောင်း Kyodo News က ထောက်ပြထားသည်။

တာကာအိချိအစိုးရ၏ ယင်းလုပ်ရပ်သည် ဒေသတွင်း ပဋိပက္ခကို ကြီးထွားစေနိုင်ပြီး လက်နက်ပစ္စည်းပြိုင်ဆိုင်မှုကိုလည်း ဆိုးရွားစေနိုင်ကြောင်း လက်ရှိ ဂျပန်လူထုအမြင်က ယေဘုယျအားဖြင့် ယူဆကြသည်။ သက်ဆိုင်ရာလုပ်ဆောင်ချက်များ ပေါက်ကြားခဲ့ချိန်မှစ၍ ယင်းမူဝါဒသည် ဂျပန်ပြည်တွင်း၌ ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)

……………………….

(Chinese Version)日本修改武器出口规则 允许杀伤性武器出口新华社东京4月21日电(记者李子越 陈泽安)据日本共同社报道,日本政府21日通过内阁决议,完成了对“防卫装备转移三原则”及其运用指南的修改,原则上将允许杀伤性武器对外出口。

报道称,规则修改后,日本取消了此前将武器出口限定在5类非战斗用途范围内的限制,原则上允许包括杀伤性武器在内的成品武器出口;在特定情况下,也将允许向处于冲突中的国家出口武器。根据新规则,日本武器出口将由首相、内阁官房长官、外务大臣和防卫大臣审批,获批后再通报国会。共同社指出,日本长期以来以“和平国家”为定位,此次修订是日本安全保障政策的重大转折。当前日本舆论普遍认为,高市政府此举可能助长地区冲突、加剧军备竞争。自相关动向被曝光以来,该政策在日本国内持续引发民众大规模抗议。(完)图说:4月16日,在位于日本东京的首相官邸前,抗议者手持标语参加集会。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.