Connect with us

Asia

ဘရူနိုင်းနိုင်ငံက နိုင်ငံတကာခရီးသွားလာခွင့်ကန့်သတ်မှုတွင် နောက်ထပ် ၄ နိုင်ငံထပ်တိုး

ဘန်ဒါဆရီဘဂါဝမ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံ အစိုးရက COVID-19 ရောဂါစိုးရိမ်ပူပန်မှုများကြောင့် နောက်ထပ် တောင်အာရှနိုင်ငံ ၄ နိုင်ငံမှ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့်ကို ယာယီဆိုင်းငံ့ကြောင်း မေ ၁၇ ရက်က ကြေညာခဲ့သည်။ဘရူနိုင်းနိုင်ငံသည် အစောပိုင်းက အိန္ဒိယနိုင်ငံအား ခရီးသွားလာခွင့်ကန့်သတ်မှု သတ်မှတ်ထားခြင်း ဖြစ်သည်။ဧပြီ ၁၇ ရက်က သတ်မှတ်ထားသော အိန္ဒိယနိုင်ငံ မှ အဝင်၊ အထွက် ခရီးသွားလာခြင်း ယာယီကန့်သတ်ခြင်းကို ဇွန် ၁၃ ရက်အထိ သက်တမ်းတိုးလိုက်ပြီး နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် စသည့် နောက်ထပ် ၄ နိုင်ငံလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ဘရူနိုင်ငံ ဝန်ကြီးချုပ်ရုံး (PMO) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရပ်ဆိုင်းသည် သံတမန်ပတ်စ်ပို့ (passport) ကိုင်ဆောင်ထားသူများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှလွဲ၍ ဒေသတွင်းရှိ မည်သည့်လေဆိပ်မှတစ်ဆင့် ထွက်ခွာလာသော နိုင်ငံခြားသားများအားလုံး၏ ဝင်ရောက်မှုများလည်း အကျုံးဝင်ကြောင်း PMO က ပြောကြားခဲ့သည်။

ထို့ပြင် သံတမန်ပတ်စ်ပို့ ကိုင်ဆောင်ထားသူများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှလွဲ၍ အခြားသောအကြောင်းပြချက် သို့မဟုတ် စီးပွားရေးကိစ္စများအတွက် ဘရူနိုင်းမှ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ ခရီးသွားရောက်ခြင်းများကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။

ဘရူနိုင်ငံးနိုင်ငံတွင် မေ ၁၇ ရက်၌ COVID-19 အတည်ပြုလူနာအသစ်မရှိကြောင်း၊ နိုင်ငံတစ်ဝန်း စုစုပေါင်း ရောဂါဖြစ်ပွားသူ ၂၃၂ ဦးရှိကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံတွင် ရက်ပေါင်း ၃၇၆ ရက်အတွင်း COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုမရှိကြောင်း၊ လက်ရှိရောဂါဖြစ်ပွားနေသူ ၇ ဦးရှိပြီး ၎င်းတို့အား အမျိုးသား သီးသန့်စင်တာ၌ စောင့်ကြည့်လျက်ရှိကြောင်းနှင့် ၎င်းတို့အားလုံးမှာ အခြေအနေတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဘရူနိုင်းနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိကာ ပြန်လည်ကျန်းမာလာသူ ၂၂၂ ဦးရှိကြောင်း သိရသည်။ (Xinhua)

——————————————————-
(English Version)

Brunei imposes int’l travel ban to 4 more countries

BANDAR SERI BEGAWAN, May 17 (Xinhua) — The Brunei government on Monday announced the temporary suspension of entry for foreign nationals from four more South Asian countries over COVID-19 concerns.
Brunei has earlier imposed a travel ban on India.

According to a press release from Brunei’s Prime Minister’s Office (PMO), the temporary suspension on traveling to and from India, imposed on April 27, will be extended until June 13 and will cover four more countries, namely Nepal, Sri Lanka, Pakistan and Bangladesh.

The PMO said the suspension applies to entry travels of all foreign nationals departing from or through any airport in the region except for diplomatic passport holders and armed forces members. It also applies to transits through Brunei for all foreign nationals departing from the region.

It also suspended travels from Brunei to India, Nepal, Sri Lanka, Pakistan and Bangladesh for any reason or business matters except diplomatic passport holders and armed forces members.

Brunei reported no new confirmed case of COVID-19 on Monday, maintaining the national tally at 232.
The country has recorded 376 days without local COVID-19 infection cases, with seven active cases being treated and monitored at the National Isolation Center, who are all in a stable condition.

There have been three deaths and 222 recovered patients from COVID-19 so far in Brunei. Enditem
A frontliner receives her first shot of Sinopharm COVID-19 vaccine in Bandar Seri Begawan, capital of Brunei, April 3, 2021. Brunei officially began its national vaccination program for COVID-19 at vaccination centers throughout the country on Saturday. According to Brunei’s Ministry of Health, a total of 754 people received their first dose of COVID-19 vaccine injection on Saturday, including Haji Awang Mohammad Isham, Minister of Health, who received his jab of Sinopharm vaccine at the Raja Isteri Pengiran Anak Saleha Hospital (RIPAS), the country’s biggest public hospital with dozens of other recipients. (Photo by Jeffrey Wong/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.