ရှန်ဟိုင်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ရာသီဥတုဘေးအန္တရာယ်များ ကိုင်တွယ်ဖြေရှင်းရန် မိုးလေဝသကြိုတင်ခန့်မှန်းချက်များ ပိုမိုတိကျ မှန်ကန်စေရေးအတွက် နည်းပညာများ အသုံးပြုလျက်ရှိကာ ဉာဏ်ရည်တု(AI)နည်းပညာက တရုတ်နိုင်ငံ မိုးလေဝသပညာတွင် နောက်ဆုံးပေါ်အသုံးပြုမှု ဖြစ်လာခဲ့သည်။
ရန်ကုန်၊ ဩဂုတ်လ ၂၀ ရက် (ဆင်ဟွာ) ပြည်တွင်းပြည်ပကုမ္ပဏီကြီးများမှ လာရောက်ခင်းကျင်းပြသသည့် ဆောက်လုပ်ရေးဆိုင်ရာ စက်ပစ္စည်း နည်းပညာနှင့် ဝန်ဆောင်မှုများ၊ အိမ်ရာ နှင့်ကွန်ဒို အရောင်းပြခန်းများ၊ ဆိုလာ နှင့် လျှပ်စစ်ကား (EV) ပြခန်းများပါဝင်သည့် မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပြပွဲကို သြဂုတ်လ ၁၈ မှ...
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇူလိုင်လအတွင်း တိုးတက်မှုပိုမိုလျင်မြန်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များ၌ ဖော်ပြထားသည်။
ဖူကျိုး ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)တစ်လျှောက် နိုင်ငံများရှိ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ရာတွင် တရုတ်ရိုးရာတိုင်းရင်းဆေး(TCM)၏ အခန်းကဏ္ဍအား ဖိလစ်ပိုင်ပညာရှင်တစ်ဦးက တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဩဂုတ် ၁၁ ရက်တွင် ကျင်းပသည့် စာတမ်းဖတ်ပွဲတစ်ခု၌ ချီးကျူးပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား အာဆီယံ+ တရုတ် ၊ ဂျပန် နှင့် တောင်ကိုရီးယား (ASEAN+3) မူဘောင်အရ အရေးပေါ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi က အထက်လွှတ်တော်အမတ် Anwaar-ul-Haq Kakar ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအား ဩဂုတ် ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သမ္မတအိမ်တော်မီဒီယာဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပီနန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)သည် မလေးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပီနန်မြို့တွင် ဩဂုတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှီးအန်း ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် မြို့တော်ရှီးအန်း၏ မြို့ပြင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တုံးများနှင့် ရွှံ့မြေများ ပြိုကျမှု ဩဂုတ် ၁၁ ရက် ညနေပိုင်းတွင် ဖြစ်ပွားပြီးနောက် လူနှစ်ဦး သေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၆၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အဆိုပါခရိုင်တာဝန်ရှိသူများက ဩဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။