Connect with us

Videos

အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှု အဆိုးသံသရာ အဆုံးသတ်ရေး ကုလသမဂ္ဂအကြီးအကဲ တောင်းဆို

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အကြမ်းဖက်မှု အဆိုးသံသရာ အဆုံးသတ်ရေးအတွက် အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ဂူတာရက်စ်က ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ဂါဇာဒေသအစွန်းပိုင်းရှိ အစ္စရေးမြို့များနှင့် ကျေးရွာများအား ဟားမတ်စ်နှင့် အခြားသူများ၏ တိုက်ခိုက်မှုအား ဂူတာရက်စ်က ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၈၀၀ ကျော် သေဆုံးကာ အခြားသူ ၂,၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
————————–
UN chief calls for end to vicious circle of violence in Mideast
UN Secretary-General Antonio Guterres on Monday called for an end to the vicious circle of violence between Palestinians and Israelis.
He made the remarks at a daily press briefing at the UN headquarters.
Guterres condemned the attacks by Hamas and others against Israeli towns and villages in the Gaza periphery, which he said had left over 800 Israelis dead and more than 2,500 others injured.
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)