Connect with us

News

လက်ဘနွန်နိုင်ငံမှ စစ်သွေးကြွများနှင့် တိုက်ခိုက်မှုအတွင်း အစ္စရေး ကြည်းတပ် ဒုတိယဗိုလ်မှူးချုပ် သေဆုံး

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံမှ ဖြတ်ကျော်လာသော စစ်သွေးကြွများနှင့် ဖြစ်ပွားသောတိုက်ခိုက်မှုအတွင်း အစ္စရေး ကြည်းတပ် ဒုတိယဗိုလ်မှူးချုပ် သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။IDF ၏ တပ်မဟာ ၃၀၀ ၏ ဒုတိယဗိုလ်မှူးချုပ်ဖြစ်သူ Alim Abdallah သည် “လက်ဘနွန်နိုင်ငံမှ အစ္စရေးနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာသော အကြမ်းဖက်သမားများနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင်” သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အသက် ၄၀ နှစ်အရွယ်ရှိသော Abdallah သည် အစ္စရေးနိုင်ငံ မြောက်ပိုင်း Yanuh-Jat ရှိ Druze ကျေးရွာမှ ဖြစ်သည်။

Abdallah နှင့် အခြားတပ်ဖွဲ့ဝင်များသည် လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသော စစ်သွေးကြွအမြောက်အမြားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစ္စရေးကယ်ဆယ်ရေးလုပ်ငန်းများ၏ အဆိုအရ ဗုံးဆန်၊ အမြောက်ဆန်များထိမှန်ခြင်းကြောင့် လူ ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။

အစ္စလာမ်မစ် ပါလက်စတိုင်းအုပ်စုတစ်ခုဖြစ်သော ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က အဆိုပါ ထိုးဖောက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးလေဆိပ် ရဟတ်ယာဉ်များက လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာများ ရှိသောနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုများအတွင်း အနည်းဆုံး ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့ကြောင်း ဟစ်ဇ်ဘိုလာဘက်က ထုတ်ပြန်ထားသည်။ (Xinhua)

————————–

Israeli brigade deputy commander killed in clash with militants from Lebanon: Army
JERUSALEM, Oct. 9 (Xinhua) — An Israeli deputy commander was killed in a clash with militants who crossed from Lebanon on Monday, Israel Defense Forces (IDF) said.
Alim Abdallah, the Deputy Commander of the IDF’s 300th Brigade, was killed “during a confrontation with terrorists who infiltrated from Lebanon into Israeli territory,” it said in a statement.
Abdallah, 40, was from the Druze village of Yanuh-Jat in northern Israel.
Abdallah and other troops fought several militants who crossed from Lebanon into northern Israel, according to the military. Israeli rescue services reported that at least six Israelis were wounded by shrapnel.
The Palestinian Islamic Jihad, an Islamist Palestinian group, claimed responsibility for the infiltration.
In response, Israel Air Force helicopters launched airstrikes on Hezbollah posts in Lebanon, the Israeli military said. At least three Hezbollah fighters were killed in the strikes, according to Hezbollah.

The conflict escalated drastically Saturday after Hamas fired thousands of rockets into Israel in a big surprise attack, which was responded by Israel with massive airstrikes and punitive measures.
Photo: This photo taken on Oct. 8, 2023 shows Israeli soldiers at the southern Israeli town of Ofakim. (Ilan Assayag/JINI via Xinhua)