ကျိုချွမ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ် တစ်စင်းအား နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက် နံနက်ပိုင်းတွင် စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လိုအပ်ချက်အရ ဇူလိုင် ၅ ရက် ၈ နာရီမှစ၍ ရွှေလီမြို့တွင်းနှင့် ဝမ်တိန်ဒေသ တို့တွင် အားလုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ရာ အားလုံး အနေဖြင့် ရွှေလီမြို့သို့ အဝင်အထွက်မလုပ်ကြရန် ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ဇူလိုင်...
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် ကမ္ဘာ့ပါတီများ ထိပ်သီးအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ခ်မှတဆင့် ပါဝင် တက်ရောက်ကာ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုစလမ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး လျှပ်စစ်ဗန်ကားကြီးများ ပထမသုတ်ကို အစ္စရေးနိုင်ငံသို့ တင်ပို့၍ ရောင်းချခဲ့ရကြောင်း အစ္စရေးနိုင်ငံရှိ တရုတ်ကားတင်သွင်းသည့် လုပ်ငန်းကုမ္ပဏီက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာပြီး အခြား ဒဏ်ရာရသူ (၅၃)ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ (၅)ဦး ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ဝူးလူမုချီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေရှိ Horgos ကုန်တင်စခန်းမှ တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများအကြား ဇွန် ၃၀ ရက်အထိ ကုန်ပစ္စည်းတင်ရထား အခေါက်ရေပေါင်း ၃,၀၅၇ ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်ပစ္စည်းတန်ချိန်ပေါင်း ၄.၂၈၇ သန်း သယ်ယူပို့ဆောင်နိုင်ခဲ့ရာ ၎င်းမှာ...
ရှီဇုအိုကာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှု ဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေကြောင်းသိရသည်။
ကျန်းစု၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ် နန်ကျင်းမြို့တွင် ပြည်နယ်၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသောတံတားကြီးကို စတင်အသုံးပြုတော့မည်ဖြစ်သည်။ ၎င်းမှာ အမျိုးသားအဆင့် အဝေးပြေးလမ်းမကြီး ၃၁၂ စီမံကိန်း၏တစိတ်တပိုင်း ဖြစ်ပြီး တိုးချဲ့ ထားသော စီမံကိန်းလည်းဖြစ်သည်။ စီမံကိန်းမန်နေဂျာ Xie Qi က “အမျိုးသားအဆင့်...
ဘရပ်ဆဲလ် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Serum Institute နှင့် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီ တို့မှ ပူးပေါင်း ထုတ်လုပ်ထားသည့် Covishield ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဥရောပတိုက် ဆေးဝါးကြီးကြပ်မှုဌာန သို့ အတည်ပြုချက် တင်သွင်းထားခြင်းမရှိသောကြောင့် ယင်းအမျိုးအစား ကာကွယ်ဆေးထိုးနှံထားသည့်...
စင်္ကာပူ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ လူငယ်လူရွယ်များသည် တရုတ်ကွန်မြူနစ်ပါတီ(CPC) ပါတီဝင်ဖြစ်ခွင့်ရခြင်း နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရခြင်းအပေါ် ဂုဏ်ယူလျက်ရှိ ကြောင်း စင်္ကာပူနိုင်ငံ၏ Lianhe Zaobao သတင်းစာက ဇွန် ၂ ရက်တွင် ဖော်ပြခဲ့သည်။