Connect with us

Media

အသင့်တပ်ဆင်ပြီး အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည့် တံတားကြီး စတင်အသုံးပြုမည်

ကျန်းစု၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ် နန်ကျင်းမြို့တွင် ပြည်နယ်၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသောတံတားကြီးကို စတင်အသုံးပြုတော့မည်ဖြစ်သည်။ ၎င်းမှာ အမျိုးသားအဆင့် အဝေးပြေးလမ်းမကြီး ၃၁၂ စီမံကိန်း၏တစိတ်တပိုင်း ဖြစ်ပြီး တိုးချဲ့ ထားသော စီမံကိန်းလည်းဖြစ်သည်။

စီမံကိန်းမန်နေဂျာ Xie Qi က “အမျိုးသားအဆင့် အဝေးပြေးလမ်းမကြီး ၃၁၂ စီမံကိန်း နဲ့ တိုးချဲ့စီမံကိန်းဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ် နန်ကျင်းမြို့မှာနေထိုင်တဲ့ ဒေသခံတွေအတွက် အဓိက ကျပြီး အရေးကြီးတဲ့ စီမံကိန်းတစ်ခုပါ၊ ဒါဟာ ကျန်းစုပြည်နယ်ထဲမှာ ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ တံတားကြီးတစ်စင်းလည်းဖြစ်ပါတယ်။” ဟုဆိုသည်။

တံတား၏စုစုပေါင်း အရှည်မှာ ၅ ကီလိုမီတာရှိပြီး တစ်နာရီလျှင် ၈၀ ကီလိုမီတာ အမြန်နှုန်းဖြင့် သွားလာနိုင်ရန်ဒီဇိုင်းတည်ဆောက်ထုတ်ထားသည်။ တံတားကြီးမှာ နှစ်လမ်းမောင်း ခြောက်လမ်းသွား လမ်းမကြီးဖြစ်သည်။အသင့်တပ်ဆင်ပြီး အစိတ်အပိုင်းများဖြင့် တည်ဆောက်ခြင်းသည် အချိန်ကုန်သက်သာစေပြီး တံတားကြီးတစ်စင်းလုံး တည်ဆောက်ရန် အချိန် ၁၅ လသာကြာမြင့်ခဲ့သည်။ အသင့်တပ်ဆင်ပြီး အစိတ်အပိုင်းများဖြင့် တည်ဆောက်ခြင်းသည် ပတ်ဝန်းကျင်နှင့် ဒေသခံများအတွက် သက်ရောက်မှုများကို လျှော့ချပေးရာလည်းရောက်ကြောင်းသိရသည်။ (Xinhua)
………………………………..
(English Version)
GLOBALink | East China’s first prefabricated road bridge opens to traffic
NANJING, July 1 (Xinhua) — East China’s first prefabricated road bridge was opened to traffic on Wednesday in Nanjing, capital of Jiangsu Province as part of the National Highway 312 project.

The total length of the bridge is 5 kilometers, with a design speed of 80 kilometers per hour running two ways with six lanes each.

The use of prefabricated construction cut the construction time greatly. It took only around 15 months to complete.
It also reduced the impact on the surrounding environment and residents.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.