အော့တဝ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ကနေဒါ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်းဖြတ်သန်း တိုက်ခတ်မှုကြောင့် အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC)တွင် ဇွန် ၅ ရက်အထိ ပါတီဝင် ဦးရေ ၉၅ ဒသမ ၁၄၈ သန်းရှိကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းဌာနက ဇွန် ၃၀ ရက်တွင် ကြေညာခဲ့သည်။ (Xinhua) ——————————————————– (English Version)...
ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ထိုင်းနိုင်ငံတွင် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်စသည့် နေရာများ၌ ရောဂါကာကွယ်တားဆီးရေး နည်းလမ်းများကို တစ်ဆင့်တိုး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) July 1 ဆုတံဆိပ် ချီးမြှင့်ခံရသူများသည် ပြည်သူများထဲမှပြည်သူများဖြစ်ကြပြီး ပြည်သူများအပေါ်အရင်းခံကြသူများပင်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
ကျန်းကျိုး၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့ ကျန်းတုန်း ခရိုင်ရှိ ၁၁၅ စတုရန်းကီလိုမီတာ အကျယ်အဝန်းအတွင်း မောင်းသူမဲ့ ဘတ်စ်ကား ၈ စင်း စာ ယာဉ်လမ်းကြောင်းများအား ဇူလိုင်လ ၁ ရက်မှ စတင် ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးတော့မည်ဖြစ်သည်။
ဟာဗားနား၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ ကျန်းမာရေးအာဏာပိုင်များနှင့် သိပ္ပံပညာရှင်များသည် COVID-19 တိုက်ဖျက်ရေးအတွက် ကျူးဘား ကာကွယ်ဆေး ငါးမျိုးအနက် နှစ်မျိုးဖြစ်သော Soberana-02 နှင့် Soberana Plus တို့ကို ကလေးများနှင့် ဆယ်ကျော်သက်များတွင် လက်တွေ့စမ်းသပ်မှု တိုးချဲ့ဆောင်ရွက်ခြင်းအား ဇွန် ၂၈ ရက်က...