ဝါရှင်တန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Miami-Dade မြို့ငယ်လေး၌ ဇွန် ၆ ရက်က ဘွဲ့နှင်းသဘင် ပါတီပွဲ အခမ်းအနားတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း မီယာမီ WPLG...
ချိန်တူး၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် လွီကျိုးမြို့တွင် ရေစီးသန်သည့်မြစ်အားဖြတ်ကူးရန် အချိန် ၂၅ မိနစ်အတွင်း ယာယီတံတားတစ်စင်းကို တရုတ် စစ်သားများက တပ်ဆင်တည်ဆောက်ခဲ့ကြသည်။ အရေးပေါ်ကယ်ဆယ်ရေးအတွက်ထိုသို့တပ်ဆင်ခြင်းဖြစ်သည်။ လွီကျိုးမြို့သည် Toujiang မြစ်နှင့် တရုတ်နိုင်ငံ၏ အရှည်ဆုံးယန်ဇီမြစ်တို့ဆုံစည်းရာမြစ်ဆုံဒေသတွင်တည်ရှိသည်။ ထိုဒေသတွင် မေလမှစတင်ကာ ရေကြီးလေ့ရှိပြီး ၄...
ရီယာ့ဒ်၊ ဇွန် ၆ ရက် (ဆင်ဟွာ) စမတ်ဖုန်း လောကတွင် ကျော်ကြားသော တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ပထမဆုံး Mi-store ကိုဆော်ဒီအာရေဗျတွင်ပြီးခဲ့သည့် ကြာသပတေးနေ့ကဖွင့်လှစ်ခဲ့သည်။ဆော်ဒီနိုင်ငံ Xiaomi ကုမ္ပဏီတာဝန်ခံ Wang Xingang က “ ဆော်ဒီနိုင်ငံက အားပေးကြသူတွေနဲ့ Xiaomi ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေနဲ့အတူ...
နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ အငယ်တန်းဝန်ကြီး Mansukh Mandaviya က သင်္ဘောသားများအား သင်္ဘောဖြင့် တာဝန်ထမ်းဆောင်ခြင်းမပြုမီ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက်၌ ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကူမင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကောင်ရေ ၁၅ ကောင်ရှိသော အာရှတောဆင်ရိုင်းအုပ်စုသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ပြင်ပတွင် လှည့်လည်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဇွန် ၆ ရက်၌ ပြောကြားခဲ့သည်။
ကွမ်ကျိုး၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် COVID-19 ကာကွယ်ရန် အလို့ငှာ ကွာရန်တင်းထားရှိသည့် လူနေရပ်ကွက်များအတွက် ပစ္စည်းသယ်ယူပို့ဆောင်ရေးကို မောင်းသူမဲ့ယာဉ်ဖြင့်ပို့ဆောင်လျက်ရှိသည်။ ကွမ်ကျိုးမြို့တွင် မကြာသေးမီက COVID-19 ကူးစက်ခံရသူများ ပြန်လည် ပေါ်ပေါက်လာသောကြောင့် အချို့နေရာများတွင် ကပ်ရောဂါတိုက်ဖျက်ရေးအစီအမံများ ကိုတင်းကြပ်စွာဆောင်ရွက်ထားသည်။ လုပ်ငန်းများရပ်နားထားခြင်းအစီအမံများကို ဒေသအချို့တွင်အကောင်အထည်ဖော်ခဲ့ပြီး ဒေသခံများအနေဖြင့်လည်း...
ရှန်ဟိုင်း၊ ဇွန်၆ ရက် (ဆင်ဟွာ) Chinese Academy of Engineering က ရှူဆေးပုံစံ COVID-19ကာကွယ်ဆေး ထုတ်လုပ်ခွင့်ကို တရုတ်အမျိုးသား ဆေးဝါးထုတ်ကုန်များကြီးကြပ်ရေးဌာန (China’s National Medical Products Administration ) သို့လျှောက်ထား ကြောင်းသိရသည်။ Chinese Academy of Engineering...
မနီလာ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) လူ ၉ ဦးထက်မနည်း သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ဇွန် ၅ ရက်တွင် အပူပိုင်းမုန်တိုင်း Choi-wan သည် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် နှစ်အလိုက်တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သုတေသနကုမ္ပဏီ International Data Corporation (IDC) က ထုတ်ပြန်သော စက်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာတစ်စောင် အရ...