Connect with us

Africa & Middle East

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှု ပီရူးနိုင်ငံ၌ စတင်

ပီရူးနိုင်ငံ လီမာမြို့ San Bartolome National ဆေးရုံ၌ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ပီရူးကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

လီမာ ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံက အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အဓိကထားသည့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို ဇွန် ၁၂ ရက်တွင် စတင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Oscar Ugarte က ကြေညာခဲ့သည်။“ဒီနေ့ မှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့အတူ ကျွန်တော်တို့ ရဲ့ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို စတင်လိုက်ပါပြီ။ဒါက အနာဂတ်မိခင်လောင်းတွေအားလုံးအတွက် အလွန်အရေးပါတဲ့ ကာကွယ်စောင့်ရှောက်မှု တစ်ခု ဖြစ်ပါလိမ့်မယ်။”ဟု ဝန်ကြီးက လီမာမြို့၌ ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှု စတင်ရာတွင် ပြောကြားခဲ့သည်။

ကိုယ်ဝန်သက် အနည်းဆုံး ၂၈ ပတ် ရှိပြီးဖြစ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံး ကပ်ရောဂါမှ မိမိကိုယ်တိုင်ကာကွယ်ရန် ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးက တိုက်တွန်းခဲ့သည်။ပီရူးနိုင်ငံ၌ ယခုထိ COVID-19 လူနာပေါင်း ၁,၉၉၈,၀၅၆ ဦး နှင့် သေဆုံးသူပေါင်း ၁၈၈,၁၀၀ ဦးရှိကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Peru begins COVID-19 vaccination campaign for pregnant women

LIMA, June 12 (Xinhua) — Peru began a vaccination campaign on Saturday against the COVID-19 pandemic that focuses on pregnant women over 18 years of age, Health Minister Oscar Ugarte announced.

“Today we are starting with pregnant women and that will be a very important protection for all future mothers,” the minister said during the start of the campaign in Lima.
Ugarte urged all pregnant women who are at least 28 weeks into their pregnancies to get vaccinated to protect themselves from the disease.

Peru has registered 1,998,056 cases and 188,100 deaths from COVID-19 so far. Enditem
1.A health worker receives a vaccine from the Chinese company Sinopharm against the novel coronavirus disease (COVID-19), at the San Bartolome National Hospital, in Lima, Peru, on February 9, 2021.(Xinhua/Mariana Bazo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.