Connect with us

China

တရုတ် နိုင်ငံမှ ထိုင်းနိုင်ငံ အမြန်ရထား တည်ဆောက်ရေး စီမံကိန်းကို လက်ခံ ရရှိခဲ့ပြီး ၃ နှစ် အတွင်း အပြီးသတ် တည်ဆောက်သွားရန် စီစဉ်ထား

တရုတ်နိုင်ငံမှ တည်ဆောက်သည့် အမြန်ရထားများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံတို့မှ အမြန်ရထားလမ်း တည်ဆောက်ရေး စီမံကိန်း အတွက် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရုတ် အမြန်ရထားလမ်း တည်ဆောက်ရေး အရှေ့တောင် အာရှ ကုမ္ပဏီ အထွေထွေ မန်နေဂျာ ကျူးရှိကျွင်း မှ ၆ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြီးနောက် စက်တင်ဘာ လဆန်းပိုင်းတွင် သဘောတူညီမှု စာချုပ် ရေးထိုးရန် စီစဉ်ထားပြီး အောက်တိုဘာလ ကုန်တွင် ရထားလမ်း တည်ဆောက်ရေး ဖွင့်ပွဲ အခမ်းအနား ကျင်းပရန် စီစဉ် ထားကြောင်း တရားဝင် ထုတ်ပြန် ခဲ့သည်။

ကျူးရှိကျွင်းမှ ယခုနှစ်သည် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့မှ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့သည့် နှစ် ၄၀ ပြည့်မြောက်သောနှစ် ဖြစ်ပြီး တရုတ် နိုင်ငံမှ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ဖော်ဆောင်ခဲ့သည့် နှစ်တွင် သမိုင်းတွင် စေသည့် တရုတ်-ထိုင်း အမြန်ရထားလမ်း စီမံကိန်းအား လူအများ စိတ်ဝင်စား ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ကျူးရှိကျွင်း မှ တရုတ်-ထိုင်း အမြန်ရထားလမ်း စီမံကိန်းကို ၃ နှစ်အတွင်း အပြီး တည်ဆောက်သွားရန် စီစဉ်ထားပြီး စီမံကိန်း ပြီးစီးပါက ထိုင်းနိုင်ငံ စီးပွားရေး ဖွံဖြိုး တိုးတက်မှု အတွက် အလွန် အကျိုးဖြစ်ထွန်း စေမည် ဖြစ်ကြောင်း ၊ ထိုရထားလမ်း ပြီးစီးပါက ထိုင်းနိုင်ငံ မှ တရုတ် နိုင်ငံ ကူမင်း သို့ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃,၆၀၀ (တရုတ် ယွမ်ငွေ ၇၀၀ ခန့်) သာကုန်ကျ မည်ဖြစ်ပြီး လေယာဉ် လက်မှတ် နှုန်းထား၏ သုံးပုံတစ်ပုံ ခန့်သာ ကုန်ကျမည် ဖြစ်ပြီး ကုန်စည် ပို့ဆောင်ရေး ကုန်ကျစရိတ် သည်လည်း လေယာဉ် ဖြင့် ပို့ဆောင်ရာတွင် ကုန်ကျသည့် စရိတ်၏ ၉ ပုံ ၁ ပုံ ခန့်သာ ကုန်ကျမည် ဖြစ်ကြောင်း ၊ နှစ်စဉ် ထိုင်းနိုင်ငံ သို့ တရုတ် နိုင်ငံမှ ခရီးသွား ဧည့်သည် ၂ သန်းခန့် ပိုမို သွားလာနိုင်မည် ဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံ စိုက်ပျိုးရေး ထွက်ကုန် အတွက်လည်း အဆင်ပြေချောမွေ့စေကာ အာဆီယံ နိုင်ငံများ၏ ကုန်စည် ပို့ဆောင်ရေး အတွက် အရေးပါသော လမ်းကြောင်း တစ်ခု ဖြစ်ပေါ်စေလာ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ထိုင်း အမြန်ရထားလမ်းသည် ၈၆၇ ကီလိုမီတာ ရှည်လျားမည် ဖြစ်ပြီး ယခင် အမြန်နှုန်း တစ်နာရီလျှင် ၂၅၀ မှ ၁၈၀ ကီလိုမီတာ သို့ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြင့် စီမံကိန်း အရင်းအနှီး ကိုလျော့ကျ စေခဲ့သည်။ တရုတ်-ထိုင်း အမြန်ရထား လမ်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ် နွန်ခိုင်း ဒေသ မှ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် အထိ ချိတ်ဆက်ထား သည့် သမိုင်းတွင် စေမည့် စီမံကိန်း တစ်ရပ်လည်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)