Connect with us

China

တရုတ် နိုင်ငံတော် ဗဟိုဘဏ် မှ စုငွေ/ချေးငွေ အတိုးနှုန်းများအား လျှော့ချ ပြင်ဆင် သတ်မှတ်ကြောင်း ထုတ်ပြန်

တရုတ် နိုင်ငံတော် ဗဟိုဘဏ် အဆောက်အဦးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ဗဟိုဘဏ်မှ စုငွေ/ချေးငွေ အတိုးနှုန်းများအား လုပ်ငန်း အရင်းအနှီး လျော့ကျလာစေရန် အတွက် သြဂုတ်လ ၂၆ ရက်နေ့မှ စတင်၍ အတိုးနှုန်းများအား လျှော့ချ ပြင်ဆင် သတ်မှတ်မည် ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ငွေကြေးဆိုင်ရာ ပြောင်းလဲမှု များတွင် နှစ်စဉ် ချေးငွေ အတိုးနှုန်းအား ရာခိုင်နှုန်း ဝ.၂၅ လျှော့ချခဲ့၍ ၄.၆ ရာခိုင်နှုန်းဟု သတ်မှတ်ခဲ့ပြီး စုငွေ အတိုးနှုန်း အား ရာခိုင်နှုန်း ဝ.၂၅ လျှော့ချ ခဲ့၍ ၁.၇၅ ရာခိုင်နှုန်း ဟု ပြောင်းလဲ သတ်မှတ် လိုက်သည်။ အခြား စုငွေ/ချေးငွေ အမျိုးအစား များ၏ အခြေခံ အတိုးနှုန်း များ ၊ ကိုယ်ပိုင် အဆောက်အဦး အပေါင်ထားရှိမှု များတွင်လည်း အပြောင်းအလဲများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် တစ်နှစ် အထက် စုငွေ အတိုးနှုန်း မှာလည်း အနည်းငယ် မြင့်တက် သတ်မှတ်ခဲ့ပြီး တစ်နှစ်အောက်နှင့် ငွေရှင် စုငွေ ၏ အတိုးနှုန်းများမှာ အပြောင်းအလဲ မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုနှစ် စက်တင်ဘာ ၆ ရက်နေ့မှ စတင်၍ ဘဏ်လုပ်ငန်း လည်ပတ်မှု ပိုမို အားကောင်း စေရန် အတွက် စုငွေ အတိုးနှုန်း များအား နဂို အတိုးနှုန်း များ၏ ဝ.၅ ရာခိုင်နှုန်း လျှော့ချမည် ဖြစ်ပြီး ငွေကြေးဆိုင်ရာ တည်ငြိမ် တိုးတက်မှု အားကောင်စေရန် ဆောင်ရွက်မည် ဖြစ်သည်။ ထို့ပြင် ကျေးလက်ဆိုင်ရာ ဘဏ်လုပ်ငန်း ၃ ခုနှင့် အသေးစား လုပ်ငန်းများ အတွက် ငွေကြေး ဆိုင်ရာ ထောက်ပံ့မှု အားကောင်း လာစေရန် Required Reserve Ratio ကို ဝ.၅ ရာခိုင်နှုန်း လျှော့ချမည် ဖြစ်ပြီး ငွေကြေးဆိုင်ရာ ချေးငွေလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ကားလုပ်ငန်း၏ Required Reserve Ratio ကို ၃ ရာခိုင်နှုန်း လျှော့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117