Connect with us

China

ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး ပူးတွဲ မြှင့်တင်ရန် Air China နှင့် Air NZ တို့ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံပိုင် အဲချိုင်းနား လေယာဉ် တစ်စီး (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နှင့် နယူးဇီလန် နှစ်နိုင်ငံ ခရီးသွားကဏ္ဍ မြှင့်တင်ရန် အတွက် အဲနယူးဇီလန်(Air New Zealand) နှင့် အဲချိုင်းနား (Air China) တို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းမှုအား နယူးဇီလန် အစိုးရက ခွင့်ပြုလိုက် ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ဝန်ကြီး ဆိုင်မွန် ဘရစ်ချ် က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလက တရုတ်သမ္မတ ရှီကျင့်ဖိန် နယူးဇီ လန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လာရောက်စဉ်က အဲချိုင်းနားနှင့် အဲနယူးဇီလန်တို့ ပူးပေါင်းမည့် ရည်ရွယ်ချက်အား ကြေညာခဲ့ခြင်း ဖြစ်သည်။

ဘရစ်ချ်က ယခု ပူးပေါင်းမှုဖြင့် China Southern ၊ China Eastern ၊ Cathay Pacific လေကြောင်းလိုင်းများမှ ပေးထားသော ဝန်ဆောင်မှုများအား ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း၊ ခရီးသွားများ အနေနဲ့ လေကြောင်းလိုင်းများကို ပိုမို ရွေးချယ်လာနိုင်မည် ဖြစ်ပြီး လေယာဉ် စရိတ် သက်သာစွာဖြင့် နယူးဇီလန်နဲ့ ပေကျင်း၊ ရှန်ဟိုင်းတို့ကို သွားလာ နိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားသည်။

နယူးဇီလန်နိုင်ငံ အတွက် သြစတြေးလျ နိုင်ငံပြီးလျှင် တရုတ်နိုင်ငံသည် ဒုတိယ အကြီးဆုံး ကမ္ဘာလှည့် ခရီးသည် ဈေးကွက်ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း ခရီး သည် ဝင်ရောက်မှု နှစ်ဆ ရှိလာနိုင်ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံမှ ခရီးသွား ဧည့်သည် အရည်အတွက်သည် နယူးဇီလန်၏ တစ်နှစ်တာ ခရီးသည် ဝင်ရောက်မှုအား ၃ မီလီယံ ကျော်သို့ ရောက်ရှိစေခဲ့သည်။

တရုတ်နိုင်ငံ သည် နယူးဇီလန် နိုင်ငံ၏ နံပါတ် တစ် ပို့ကုန် တင်ပို့ရာ နိုင်ငံ ဖြစ်သလို ၂၀၁၄ ခုနှစ် စက်တင်ဘာ တွင် ပို့ကုန်တန်ဖိုး နယူးဇီလန် ဒေါ်လာ ၁၁.၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇.၂၁ ဘီလီယံ) အထိ တင်ပို့ခဲ့ပြီးဖြစ်သည် ။

ယခုလို ပူးပေါင်းမှု၏ ကနဦး သက်တမ်းသည် ငါးနှစ် နှင့် လေးလ အတွက် ဖြစ်ပါသည်။ ထိုကာလအတွင်း လေကြောင်းလိုင်းများသည် ဖောက်သည်များ အတွက် ပြိုင်ဆိုင်မှုကို အမှန်တကယ် အကျိုးပြုနိုင်ရမည် ဖြစ်ပြီး ယင်းပူး ပေါင်းမှုသည် နယူးဇီလန်-တရုတ် ဈေးကွက်ပြိုင်ဆိုင်မှု အား ဆိုးဝါးစွာ ထိခိုက်စေနိုင်မည် မဟုတ်ဟု ဆိုပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.