China
တရုတ်လေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-20B က ၁၃ သုတ်မြောက် တောင်ကိုရီးယားရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာ
ကျိန့်ကျိုး၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်လေတပ် Y-20B စစ်ဘက်သုံး အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်သည် တောင်ကိုးရီးယားနိုင်ငံသို့ သွားရောက်၍ ၁၃ သုတ်မြောက် တောင်ကိုရီးယားရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ရေး မစ်ရှင်ကို ထမ်းဆောင်ရန် ဧပြီ ၂၀ ရက် ညနေပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်းလေဆိပ်တစ်ခုမှ ပျံသန်းထွက်ခွာခဲ့သည်။ တရုတ်လေတပ်အနေဖြင့် ပြန်လည်သယ်ဆောင်ရေးမစ်ရှင်၏ အမှတ်တံဆိပ်ကိုလည်း တစ်ပြေးညီထုတ်ပြန်ခဲ့သည်။
အဆိုပါအမှတ်တံဆိပ်ကို စေတနာ့ဝန်ထမ်းစစ်သည်ရုပ်တု၊ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းစစ်တပ်၏ ရင်ထိုးတံဆိပ်၊ Y-20B သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် J-20 တိုက်လေယာဉ် လေးစင်းပါဝင်သော တပ်ဖွဲ့၊ ခေတ်သစ်စစ်သည်အရာရှိ၊ ငြိမ်းချမ်းရေးချိုးငှက် စသည့် ပုံစံများဖြင့် ပုံဖော်ထားခြင်း ဖြစ်ပြီး “၁၉၅၀ ပြည့်နှစ် အာဇာနည် ” “၂၀၂၆ ခုနှစ် အိမ်ပြန်ပြီ” ဟူသော စာသားများပါရှိသည်။
ယင်းမှာ အာဇာနည်သူရဲကောင်းများ အမိမြေသို့ ပြန်ရောက်ခြင်း၊ စိတ်ဓာတ်အမွေဆက်ခံခြင်း ဟူသော အနက်အဓိပ္ပာယ်ကို ဖော်ဆောင်ထားသလို သမိုင်းအား စွဲမြဲစွာ မှတ်သားခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်များအား နှလုံးသားထဲမှ အောက်မေ့သတိရခြင်းဟူသော ခံစားချက်များလည်း ပါရှိပေသည်။
ယခုအကြိမ်မစ်ရှင်မှာ တောင်ကိုရီးယားတွင် ကျန်ရစ်ခဲ့သည့် စေတနာ့ဝန်ထမ်းအာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများအား ပြန်လည်သယ်ဆောင်ရန် တရုတ်နိုင်ငံလေတပ်က ပထမဆုံးအကြိမ်အဖြစ် Y-20B ကို စေလွှတ်ခြင်း ဖြစ်သည်။
Y-20B အပြန်ခရီးစဉ်တွင် တရုတ်နိုင်ငံလေပိုင်နက်ထဲကို ရောက်ရှိချိန်၌ တရုတ်လေတပ်က J-20 တိုက်လေယာဉ် လေးစင်းကို လိုက်ပါဝန်းရံစောင့်ရှောက်ရန် စေလွှတ်မည် ဖြစ်သည်။ (Xinhua)
—————————–
(Chinese Version)
中国空军运-20B赴韩接迎第十三批在韩志愿军烈士遗骸回国新华社郑州4月20日电(高玉娇、赵第宇)中国空军1架运-20B军用大型运输机20日下午从华中某机场起飞,执行赴韩国接迎第十三批在韩志愿军烈士遗骸回国任务。 空军还同步发布了接迎任务标识。标识由志愿军战士雕塑、中国人民志愿军胸章、运-20B与4架歼-20编队、新时代官兵、和平鸽等图案组成,配有“英雄1950”“回家2026”字样,寓意着英雄回家、血脉传承,寄托着铭记历史、缅怀先烈的真挚情感。 这是空军首次派出运-20B执行在韩志愿军烈士遗骸接迎任务。运-20B返程进入中国领空后,中国空军将派4架歼-20护航。(完)
1.4月20日下午,中国空军1架运-20B军用大型运输机从华中某机场起飞,执行赴韩国接迎第十三批在韩志愿军烈士遗骸回国任务。 (配本社同题文字稿) 新华社发(李希鑫 摄)
