ဂျီနီဗာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နှင့် ဂျပန်နိုင်ငံတို့က ယခုနှစ်တွင် တိုကျိုအိုလံပစ်ကို ကျင်းပမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အိုလံပစ်ပွဲ ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း သတင်းကို ဇန်နဝါရီ ၂၂ ရက်က ငြင်းဆိုခဲ့ကြောင်း သိရသည်။
ဘရာဇီးလီယာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံ ကျန်းမာရေး ကြီးကြပ်မှုအေဂျင်စီ (Anvisa) က COVID-19 တိုက်ဖျက်ရေးအတွက် CoronaVac ကာကွယ်ဆေး နောက်ထပ် အလုံးရေ ၄.၈ သန်းကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၂၂ ရက်က တညီတညွတ်တည်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် COVID-19 ရောဂါတွေ့ရှိမှု ကျဆင်းလာသည့်နောက်ပိုင်း အောင်ဘာလေထီ ဝယ်လိုအားမြင့်တက်လာသည့်အတွက် ၂၃ ကြိမ်မြောက်တွင် ထီစာအုပ် ၃,၂၇၂,၇၂၀ အုပ်ရောင်းချခဲ့ရာမှ ၂၄ ကြိမ်မြောက်တွင် အရံထီအပါအဝင် ထီစာအုပ်ပေါင်း ၃,၄၃၆,၃၅၆ အုပ်အားရောင်းချလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က...
တိုကျို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏ ဇန်နဝါရီ ၂၃ ရက် ၌ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ဇန်နဝါရီ ၂၂ ရက်တွင် ဂျပန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁၀၈ ဦးရှိခဲ့ပြီး သေဆုံးသူအများဆုံးရက်အဖြစ်...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက လက်မှတ်ရေးထိုးခဲ့သော အာဖဂန် တာလီဘန်နှင့် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဟာဗားနား ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကျူးဘားနိုင်ငံတွင် ပထမဦးဆုံးသော ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူအား စစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ တောင်အာဖရိကနိုင်ငံမှ ကျူးဘားနိုင်ငံသို့ဝင်ရောက်လာသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၂ ရက် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
လားဆ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် 5G အခြေစိုက်စခန်း၂,၈၀၀ ကျော် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနှင့်ဆက်စပ်ပစ္စည်းများ၊ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ စုစုပေါင်း ၇၄ စီးအား တပ်မတော်မှ...
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယနေ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၂၅ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၅၀၀ အောက်ရောက်သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသူဦးရေ ၁၂,၀၀၀ ဝန်းကျင်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး...
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ငါးမွေးမြူမှုအများဆုံးဖြစ်ရာ အလှမွေးငါးအဖြစ်ရောက်ရှိလာသော စုပ်ခွက်ငါးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များအထိ ပျံ့နှံ့လာသည့်အတွက် ဒေသငါးမျိုးရင်းဆုံးရှုံးမှုကြောင့် ယင်းစုပ်ခွက်ငါးများအား မမွေးမြူကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းနှင့် မြစ်ချောင်းအင်းအိုင်များတွင် လုံးဝမစွန့်ပစ်ရန် တိုက်တွန်းလိုကြောင်း စိုက်ပျိုးရေး၊...