Connect with us

Science & Technology

တရုတ်နိုင်ငံ တိဗက်ဒေသတွင် 5G အခြေစိုက်စခန်း ၂,၈၀၀ ကျော် တည်ဆောက်

တရုတ်နိုင်ငံ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင် အခြေစိုက်စခန်းအနီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၃၀၀ တွင် 5G အခြေစိုက်စခန်း အချက်ပြစနစ်ကို စမ်းသပ်နေကြစဉ် (ဆင်ဟွာ)

လားဆ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် 5G အခြေစိုက်စခန်း၂,၈၀၀ ကျော် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ဒေသရှိ ဂရိတ်-အေ အဆင့်ရှိသော ရှုမျှော်ခင်းကြည့်နေရာများအားလုံး၌ မိုဘိုင်းဖုန်း အချက်ပြစနစ် အပြည့်အဝလွှမ်းခြုံမှု ရရှိပြီဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက ၁၁ ကြိမ်မြောက် ဒေသဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၀၀၀ ကျော်နှင့် ကြမ်းတမ်းသော သဘာဝပတ်ဝန်းကျင်ရှိ အဆောက်အဦများနှင့်အတူ အခြားသော ကမ္ဘာလှည့်ခရီးသွား အဆောက်အဦများ တည်ဆောက်မှုကိုလည်း ယင်းဒေသ၌ တိုးမြှင့်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဒေသ၌ ဂရိတ်-အေ အဆင့်ရှိ ရှုမျှော်ခင်းကြည့်နေရာ ၁၁၆ ခုရှိပြီး ယင်းအနက် ဒေသဆိုင်ရာ မြို့တော် လားဆရှိ ပိုတာလာနန်းတော် အပါအဝင် နေရာ ၅ ခုမှာ 5A အဆင့်ရှိကြောင်း သိရသည်။

တိဗက်ဒေသတွင် ၂၀၂၀ ပြည့်နှစ်က ခရီးသွားဧည့်သည် ၃၅.၀၅ သန်း လာရောက်ခဲ့ပြီး စုစုပေါင်း ခရီးလုပ်ငန်းဝင်ငွေမှာ ယွမ် ၃၆.၆၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၆၆ ဘီလီယံခန့်) ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဗျူရိုအရ သိရသည်။ (Xinhua)

…………………………………
(English Version)
Over 2,800 5G base stations built in China’s Tibet
Source: Xinhua| 2021-01-22 20:04:42|Editor: huaxia
LHASA, Jan. 22 (Xinhua) — More than 2,800 5G base stations have been built in southwest China’s Tibet Autonomous Region, local authorities said on Friday.
The region has achieved full mobile phone signal coverage at all its grade-A scenic spots, local officials said at the fourth session of the 11th regional people’s congress.
The construction of other tourist facilities has also been stepped up in the region, with facilities at an average altitude of over 4,000 meters and in a harsh natural environment.
The region currently has a total of 116 grade-A scenic spots, five of which are ranked 5A, including the Potala Palace in the regional capital of Lhasa.
Tibet saw some 35.05 million visitors in 2020, with total tourism revenues reaching 36.64 billion yuan (about 5.66 billion U.S. dollars), according to the regional tourism bureau. Enditem
Staff members of China Mobile test the signals of the 5G base station built at an altitude of 5,300 meters near the base camp of Mount Qomolangma in southwest China’s Tibet Autonomous Region on April 15, 2020. (Xinhua/Sun Fei)