Connect with us

WORLD

ကျူးဘားနိုင်ငံတွင် ပထမဦးဆုံးသော ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူ စစ်ဆေးတွေ့ရှိ

ကျူးဘားနိုင်ငံမြို့တော် ဟာဗားနား တွင် ဇန်နဝါရီ ၁၄ ရက်၌ ပြည်သူတစ်ဦး နှာခေါင်းစည်းတပ်၍ စက်ဘီးစီးသွားလာနေသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကျူးဘားနိုင်ငံတွင် ပထမဦးဆုံးသော ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူအား စစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ တောင်အာဖရိကနိုင်ငံမှ ကျူးဘားနိုင်ငံသို့ဝင်ရောက်လာသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၂ ရက် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ကျူးဘားနိုင်ငံ Pedro Kuori အပူပိုင်းဒေသ ဆေးပညာသုတေသန အင်စတီကျု မှ ပညာရှင် Guadalupe Guzman က ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူနှင့် ၎င်းနှင့်အနီးကပ် ထိတွေ့ခဲ့သူများအား သက်ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း သီးသန့်ခွဲခြားနေထိုင်စေထားကြောင်း ၊ လက်ရှိချိန်တွင် ဗီဇပြောင်း COVID-19 ရောဂါပိုး က ကျူးဘားနိုင်ငံတွင် ပြန့်ပွားမှု ရှိမရှိကို အတည်မပြုသေးနိုင်သော်လည်း ပြန့်ပွားနေသည့် ဖြစ်နိုင်ခြေကို ဖယ်ရှားထား၍ မရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံတွင် ကပ်ရောဂါအခြေအနေက လတ်တလောကာလအတွင်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း ၊ ကျူးဘား ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၂ ရက် ထုတ်ပြန်ကြေညာချက်အရ ကျူးဘားနိုင်ငံတွင် ယင်းနေ့၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၅၃၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၂၀,၀၆၀ ဦးအထိရှိလာခဲ့ကာ COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၈၈ ဦးရှိလာကြောင်း သိရှိရသည်။ (Xinhua)

————————–
(Chinese Version)
(国际疫情)古巴报告首例变异新冠病毒感染病例
2021-01-23 07:42:21 分类: 政治法律
  新华社哈瓦那1月22日电(记者朱婉君)古巴公共卫生部22日宣布,该国出现首例变异新冠病毒感染病例,患者为一名从南非入境古巴的男子。
  古巴佩德罗-库里热带医药研究所专家瓜达卢佩•古斯曼在公共卫生部召开的新闻发布会上说,感染变异新冠病毒的患者及其密切接触者已按相关规定进行隔离,目前无法确定变异病毒是否已开始在本土传播,但这种可能性不能排除。
  古巴疫情近期明显出现反弹。古巴公共卫生部22日公布的数据显示,该国当天新增确诊病例530例,累计确诊20060例,累计死亡188例。(完)

Photo
1月14日,在古巴首都哈瓦那,民众戴口罩骑车出行。新华社发(华金•埃尔南德斯摄)