Connect with us

WORLD

ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါကြောင့်သေဆုံးသူ စံချိန်တင်မြင့်တက်ခဲ့ပြီး တိုကျိုမြို့တွင် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ စတင်တွေ့ရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လူများ နှာခေါင်းစည်းတပ်၍ သွားလာလှုပ်ရှားနေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏ ဇန်နဝါရီ ၂၃ ရက် ၌ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ဇန်နဝါရီ ၂၂ ရက်တွင် ဂျပန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁၀၈ ဦးရှိခဲ့ပြီး သေဆုံးသူအများဆုံးရက်အဖြစ် စံချိန်သစ်ဖြစ်လာခဲ့ကာ COVID-19 ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄,၉၈၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ ဇန်နဝါရီ ၂၂ ရက်တွင် ဂျပန်နိုင်ငံ၌ COVID-19 ရောဂါပိုး ထပ်မံကူးစက်ခံရသူ ၅,၀၄၅ ဦးရှိခဲ့ကာ ကူးစက်ခံရသူ စုစုပေါင်း ၃၅၇,၀၂၁ ဦးအထိရှိလာခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၂ ရက်ထုတ်ပြန်ကြေညာချက်အရ တိုကျိုမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဗြိတိန်နိုင်ငံမှ ထုတ်ပြန်ကြေညာထားသော ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရသူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ကူးစက်ခံရသူမှာ အသက် ၁၀ နှစ်မပြည့်သေးသည့် မိန်းကလေးဖြစ်ပြီး ပြည်ပသို့ ခရီးထွက်ခွာခဲ့ခြင်းမရှိကြောင်း ၊ တိုကျိုမြို့အစိုးရအနေဖြင့် COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားသည့် နမူနာများအား မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး အခြား ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ရှိမရှိကို အတည်ပြုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံတွင် လတ်တလောကာလအတွင်း Shizuoka စီရင်စု၌လည်း မည်သည့်နေရာမှ ကူးစက်ခံရခြင်း မသိရှိရသော ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအနေဖြင့် ပြည်ပသို့ခရီးထွက်ခွာခြင်းနှင့် ပြည်ပမှ ပြန်လာသောသူများနှင့် ထိတွေ့ဆက်ဆံမှုလည်း မရှိခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါအင်စတီကျု က ဗီဇပြောင်း COVID-19 ရောဂါပိုးသည် ဂျပန်နိုင်ငံ လူထုအသိုင်းအဝိုင်း တွင် ပျံ့နှံ့မှု ဖြစ်ပွားနေပြီဟု ယူဆကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၂ ရက် သုညနာရီ၌ ပြုလုပ်ခဲ့သည့် စာရင်းပြုစုချက်အရ ဂျပန်နိုင်ငံတွင် လူပေါင်း ၂၇၇,၂၂၅ ဦးက ဆေးရုံမှဆင်းခဲ့ခြင်း သို့မဟုတ် သီးသန့်ခွဲခြားနေထိုင်မှုပြီးဆုံးခဲ့ပြီး လက်ရှိချိန်တွင် ရောဂါလက္ခဏာပြင်းထန်သူ ၁,၀၁၁ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

————————–
(Chinese Version)
(国际疫情)日本单日死亡病例数再创新高 东京都发现变异新冠病毒感染者
2021-01-23 12:24:34 分类: 科学技术
  新华社东京1月23日电(记者华义)据日本广播协会电视台23日统计,日本22日新增死亡病例108例,再创新高,累计死亡4981例;全国新增确诊病例5045例,累计确诊357021例。22日,日本厚生劳动省宣布东京都首次发现变异新冠病毒感染者。
  日本厚生劳动省22日宣布,东京都首次发现英国报告的变异新冠病毒感染者,是一名不满10岁的女孩,没有出过国。东京都政府将对已有的新冠病毒阳性样本进行基因分析,以确认是否有更多的变异新冠病毒感染者。
  此前静冈县已经发现感染路径不明的变异新冠病毒感染者,他们近期均未出国,也没有接触过回国人员。日本国立感染症研究所认为变异新冠病毒可能已在日本形成社区传播。
  据日本厚生劳动省22日零时统计数据,日本已有277225人出院或者结束隔离,现有重症病例1011例。(完)

Photo
7月31日,在日本东京,人们戴口罩出行。新华社记者杜潇逸摄