Connect with us

MYANMAR

တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသူဦးရေ ၁၂,၀၀၀ ဝန်းကျင်ရှိကြောင်းဆို

ယာဉ်ထိန်းရဲတစ်ဦးမှ ပြည်သူများအား နှာခေါင်းစည်း ဝေပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၂၅ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၅၀၀ အောက်ရောက်သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသူဦးရေ ၁၂,၀၀၀ ဝန်းကျင်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက်တွင်ပြောသည်။

“COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ဖြစ်ပွားကူးစက်မှုက တော်တော်နည်းလာပါပြီ။ ဒီနေ့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာဆေးရုံတက်ပြီး ကုသမှုခံယူနေသူ ၂၃၀၀ ကျော်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာလည်း ဆေးရုံတက်ရောက်ကုသနေသူ ၁၅၀၀ ကျော်လောက်ပဲရှိပါတော့တယ်။ ဒါက တော်တော်ကြီးကိုနည်းသွားတယ်လို့ ပြောလို့ရပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်လို့ ဒီအခြေအနေရောက်လာတာဖြစ်ပါတယ်’’ ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၅၇၀ ဦးရှိပြီး ယနေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၂၀,၅၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ကြောင့်သေဆုံးသူ ၁၈ ဦးရှိပြီး ရောဂါအခံရှိသူ ၁၅ ဦး ပါဝင်ကြောင်း သိရသည်။ ယနေ့အထိ မြန်မာနိုင်ငံတွင် သေဆုံးလူနာ စုစုပေါင်း ၃၀၃၁ ဦးရှိပြီဖြစ်ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၆,၅၉၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၇,၆၉၉ ခု အား စစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာပေါင်း ၂,၂၂၉,၈၄၄ ဦးအားစစ်ဆေးပြီးဖြစ်ကြောင်း၊ ယနေ့ COVID-19 ပိုးတွေ့ရှိမှုနှုန်းမှာ ၂.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117