ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗဟိုအမေရိက နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ(၈,၀၀၀)နီးပါးသည် ဇန်နဝါရီ ၁၇ ရက်က ဂွါတီမာလာနယ်နိမိတ်တွင် ခြေလျင်ခရီးနှင်၍ မြောက်ဘက် မက္ကဆီကို နယ်စပ်သို့ ဦးတည်လျှောက်လှမ်းလာကြပြီဖြစ်ကြောင်း သိရသည်။ သူတို့သည် မက္ကဆီကိုမှတစ်ဆင့် အမေရိကန်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြသည်။
ပေကျင်း၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ယွမ်ငွေ ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၂ ထရီလီယံ) အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအများအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စာရင်းတွင် နိုင်ငံတော်က ထည့်ဝင်ငွေ အပါအဝင် ကျပ် ၁၁,၁၂၆ ဒသမ ၈၅၄ သန်း ၊ အမေရိကန် ဒေါ်လာ ၂၅၂ ဒသမ ၆၇၃ သန်း ရရှိထားပြီး ဖြစ်ကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက် ၀၀:၀၀ နာရီအထိ အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃၀,၂၀၈)ဦးထိ ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်အပတ်ကထက် (၁.၇)ဆ ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇန်နဝါရီ...
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းနှင့်အတူ ကန်ဒေါ်လာ သန်း(၉၄၀) တန်ဖိုး ရှိ သည့် Subic-Clark ရထားလမ်းစီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယင်းနေ့ သတင်းများအရ သိရသည်။ အဆိုပါစီမံကိန်းသည်...
ဝါရှင်တန်၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bower က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနီးကပ်လာသည်နှင့်အမျှ မြို့တော်၏ လူနေရပ်ကွက်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂ဝပြည့်နှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၇၅၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦး က ပြောကြားသည်။
ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။ ဘရာဇီး၏ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူများအား ယင်းနေ့တွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူသည် သုံးရက်ဆက်တိုက် ၂ရာခိုင်နှုန်းကျော်သို့ ကျဆင်းလာခဲ့ကြောင်း ယနေ့ ညပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီး လားရှိုး-နမ္မတူ သွား ကားလမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ...