Connect with us

ASEAN

လူနာကုတင်လိုအပ်မှုများကြောင့် ဂျပန်တွင် အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃)သောင်းကျော်ရှိလာ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက် ၀၀:၀၀ နာရီအထိ အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃၀,၂၀၈)ဦးထိ ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်အပတ်ကထက် (၁.၇)ဆ ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၆ ရက် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ရောဂါပြင်းထန်သည့်လူနာများကို ဦးစားပေးလက်ခံကုသနိုင်ရန်အတွက် ရောဂါလက္ခဏာ သက်သာသည့် လူနာနှင့် လက္ခဏာမပြကူးစက်သူများအား အိမ်တွင်း သို့မဟုတ် သတ်မှတ်ထားသည့် ဟိုတယ်နေရာများတွင် သီးခြားခွဲနေကြရန် ဂျပန်အစိုးရက အကြံပြုခဲ့သည်။ ဂျပန်၏ ယခုကာလ ကပ်ရောဂါအခြေအနေဆိုးဝါးလာသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ အိမ်တွင်းနေထိုင်သူ လူနာများကြောင့်ဖြစ်နိုင်ကြောင်း ဂျပန်ကူးစက်ရောဂါပညာရှင်များက ယူဆကြသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ် ကားစောင့်နေသူများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၃ ရက်အထိ မြို့တော် တိုကျို၌ အိမ်တွင်းသီးခြားခွဲနေသည့် COVID-19လူနာ (၈,၅၁၈)ဦး ရှိရာ ၎င်းမှာပြီးခဲ့သည့်ရက်သတ္တပတ်ကထက် (၃,၀၀၀) ကျော် ထပ်တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ မြို့တော်တစ်ဝိုက်ဒေသများဖြစ်သည့် တိုကျို၊ Kanagawa၊ Saitama၊ Chibaစီရင်စုများ၌ အိမ်တွင်းနေထိုင်သည့် လူနာ ဦးရေ (၂)သောင်း နီးပါး ရှိပြီး Osaka၊ Aichi နှင့် Fukuokaစီရင်စုရှိ အိမ်တွင်းနေထိုင်သည့်လူနာဦးရေ (၂,၀၀၀)ကျော်စီ ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ဟိုတယ်စသည့် အစိုးရ သတ်မှတ်ထားသည့် သီးခြားနေရာများတွင် ခွဲခြားနေထိုင်သူ လူနာ(၇,၇၈၁)ဦးရှိရာ ၎င်းမှာပြီးခဲ့သည့်ရက်ကထက် (၂,၀၀၀)ခန့် တိုးလာသည်။
ဇန်နဝါရီ ၁၃ ရက်အထိ ဂျပန်နိုင်ငံ၌ ဆေးရုံတင် ကိုဗစ်လူနာ ဦးရေ (၁၄,၈၀၆) ဦး ရှိပြီး အိမ်တွင်းနှင့်သတ်မှတ်နေရာတွင် သီးခြားခွဲနေသည့် လူနာအရေအတွက်သည် ဆေးရုံတင်လူနာ ဦးရေ၏ (၂.၆)ဆ ခန့်ရှိကြောင်း သိရသည်။ အချို့လူနာများသည် အိမ်တွင်းသီးခြားခွဲနေထိုင်စဉ်ကာလအတွင်း ရောဂါအခြေအနေဆိုးဝါးလာမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ တိုကျိုမြို့ ဇန်နဝါရီ ၁၃ ရက် အစီရင်ခံချက်များအရ အိမ်တွင်းနေထိုင်သောလူနာ ၂ ဦး ဖြစ်သည့် အသက်(၈၀)အရွယ် အမျိုးသား တစ်ဦးနှင့် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်ကုသရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ Kanagawa၊Hiroshimaတို့တွင်လည်း ယခုကာလများအတွင်း အလားတူ ကြုံတွေခဲ့ရသည်။

ဂျပန်၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေ ဆိုးဝါးလျက်ရှိနေသည်။ NHK သတင်း၏ ကိန်းဂဏန်းများအရ တိုကျိုဒေသစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ၂၀ နာရီ ၁၀ မိနစ်အထိ ယင်းနေ့တွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၇,၀၁၄)ဦး ၊ သေဆုံးသူ (၅၆)ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ (၃)သိန်း(၂)သောင်းကျော်နှင့် စုစုပေါင်း သေဆုံးသူ (၄,၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိသည်။ တိုကျိုနှင့်Osakaရှိ ခရိုင်ဒေသ ၁၁ ခုတွင် အရေးပေါ်အခြေအနေရှိကြောင်း သိရသည်။

အတည်ပြုလူနာဦးရေ အဆက်မပြတ်မြင့်တက်လာမှုကြောင့် ကျန်းမာရေးစနစ်သည် ထပ်ဆင့်တိုးဝန်ပိအားနှင့် ရင်ဆိုင်နေရသည်။ ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ တိုကျိုတွင် ကိုဗစ်အတည်ပြုလူနာ လက်ခံကုသမှု၏ လူနာကုတင်အသုံးပြုမှုသည် (၈၃.၂) ရာခိုင်နှုန်းရှိပြီဖြစ်ရာ ကုတင်နေရာအကျပ်အတည်းအမြင့်ဆုံးအခြေအနေတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဂျပန်တစ်နိုင်ငံလုံးရှိ ပြည်နယ်မြို့ဒေသ (၄၇) ခုရှိ လူနာကုတင်အသုံးပြုနှုန်းအမြင့်ဆုံးရောက်ရှိနေသည်မှာ (၁၉)ခု ရှိရာ ၎င်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် (၈)ခု ထပ်တိုးလာခြင်းဖြစ်သည်။

ဂျပန်အစိုးရသည် လွှတ်တော်သို့ ကူးစက်ရောဂါဥပဒေ ပြင်ဆင်မှု မူကြမ်းကို ဇန်နဝါရီ ၁၈ ရက်တွင် တင်သွင်းသွားရန် စီစဉ်ထားရာ ယင်းဥပဒေသတ်မှတ်ချက်တွင် အစိုးရ၏ တိုက်တွန်းချက်နှင့် ကိုဗစ်လူနာများကို လက်ခံကုသရန် ငြင်းဆိုသည့် ဆေးကုသရေးဌာနများကို နာမည်ဖော်တိုင်ကြားနိုင်ကြောင်း သိရသည်။ ထိုစောင့်ကြပ်မှုဖြင့် ဂျပန်အစိုးရသည် ဆေးရုံ အထူးသဖြင့် အလတ်စားအသေးစား ဆေးရုံများ၏ ကိုဗစ်လူနာ လက်ခံကုသနိုင်မှုကို မြှင့်တင်သွားလိုခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————
(Chinese Version)

病床短缺 日本居家隔离新冠患者破3万

图片轮播
新华社北京1月17日电(记者刘秀玲)日本厚生劳动省16日数据显示,截至13日零时,日本有30208名新冠患者居家隔离,为一周前人数的大约1.7倍。
  为优先确保重症患者得到收治,日本政府建议轻症患者和无症状感染者居家或在指定酒店隔离。日本传染病专家认为,居家患者可能是导致日本近期疫情急剧加重的主要因素之一。
厚生劳动省数据显示,截至13日,首都东京8518名新冠患者居家隔离,相比一周前增加3000余人。首都圈地区,即东京都、神奈川县、埼玉县、千叶县居家患者接近2万人。大阪府、爱知县和福冈县的居家患者均超过2000人。
  全国范围内,在酒店等政府指定设施内隔离的患者共7781人,比一周前增加大约2000人。
截至13日,日本有住院新冠患者14806人,居家和定点隔离的患者人数是住院人数的大约2.6倍。
  部分患者在居家隔离期间病情恶化,出现多起死亡病例。东京都13日报告两例居家隔离期间死亡的病例,一名80多岁男性和一名50多岁女性当天送医不治;神奈川县、广岛县近期同样出现居家隔离死亡病例。
  日本疫情防控形势严峻。日本广播协会(NHK)数据显示,截至东京当地时间16日20时10分,日本当日新增确诊病例7014例,死亡病例56例;累计确诊超过32万例,累计病亡4000多人。东京都、大阪府等11个都府县已进入紧急状态。
  随着确诊病例不断增加,医疗系统进一步承受压力。厚生劳动省数据显示,东京都能够用于收治新冠患者的病床使用率达到83.2%,在病床紧张程度分级系统中处于最高级。日本全国47个都道府县中,病床使用率处于最高级的已有19个,比上周增加8个。
  日本政府计划18日向国会递交《传染病法》修正案,其中规定对不听从政府劝告、拒绝收治新冠患者的医疗机构可以通报名称。日本政府希望通过这一监督措施提高医院,尤其是中小型医院收治新冠患者的能力。

图说1:
1月7日,在日本东京,人们戴口罩出行。(新华社记者杜潇逸摄)
图说2:
2020年12月31日,在日本东京,人们戴口罩等候公交车。(新华社记者杜潇逸摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.