ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 လူနာသစ် ၈၄၈ ဦး တွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၅ ရာခိုင်နှုန်းအောက် ၄ ရက်ဆက်တိုက် ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် အင်္ဂလန်နိုင်ငံ၌ ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရာ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင်...
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ထွက်လာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ ၄ သိန်းကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၆နာရီကျော်က သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီးသည် လူနေအိမ်တစ်လုံးအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးက...
မနီလာ၊ဒီဇင်ဘာ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကူးစက်မှုနှုန်းအလွန်လျင်မြန်သည့် ဗီဇပြောင်း ဗိုင်းရပ်စ် COVID-19 ရောဂါမျိုးကွဲသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှ လေယာဉ်အဝင် ပိတ်ပင်တားမြစ်သည့် ကြေညာချက်တစ်ခုကို အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပါရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီကြာ ဗြိတိန်ခရီသွားဝင်ရောက်ခြင်းကို ယာယီရပ်နားထားမည်ဟု ပြင်သစ်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရသော်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလား အလာကောင်းများရှိနေဆဲဖြစ်ကြောင်း ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(၂၉)ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄၇) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း စုစုပေါင်း အတည်ပြုလူနာ (၁၁၆,၁၃၄) ဦးရှိပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏...
ဒါကာ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း Joypurhat ဒေသတွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရထားနှင့် ခရီးသည်တင်ယာဉ် တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။