ရောမ၊နိုဝင်ဘာ၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံကမ်းခြေစောင့်တပ်က မြေထဲပင်လယ်၌ နိုဝင်ဘာလ ၃ ရက်ကပြုလုပ်သော စစ်ဆင်ရေး ၇ ခုအတွင်း ရွှေ့ပြောင်းအခြေချသူ ၇၆၆ ဦးကို ကယ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေ့ပြောင်းအခြေချသူများသည် ရော်ဘာလှေ ငါးစီး ၊ စက်လှေတစ်စီး နှင့် ရွက်လှေတစ်စီးကို အသုံးပြု၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်က...
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ၊ လငန်းကျွန်းနှင့် ပုလဲကျွန်းအကြား ရေပြင်၁၁မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဟနွိုင် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၂ ရက်နံနက်ပိုင်းက လူ ၄ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နှင့် အခြား ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။
ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်း လုပ်ငန်းများ အလျင်အမြန် ကျယ်ပြန့်လာသောကြောင့် တရားမဝင်အဖြစ် တားမြစ်လိုက်ကြောင်း Cambodia Daily က နိုဝင်ဘာလ ၃ ရက်က သတင်းတင်ပြထားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၆ ဆူဇူကီးဖလားအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီး ဈေးကွက် သက်ရောက်မှု မသေချာမှုများ ရှိနေသည့်ကြားမှ အတိုးနှုန်းထား ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း အမေရိကန် ဗဟိုဘဏ်က နိုဝင်ဘာလ ၂ ရက်က ပြောကြားလိုက်သည်။ သို့ရာတွင် ဒီဇင်ဘာလ၌ အတိုးနှုန်း ထပ်မံ...
ဆိုးလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ၏ ကာလရှည် ယုံကြည်စိတ်ချခြင်းခံရသူနှင့် လက်ရှိ၌ မကောင်းသတင်းများဖြင့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ခြင်းခံနေရသူ ချွဲဆွန်ဆီလ် ဖြစ်ရပ် နောက်ဆက်တွဲအနေဖြင့် နိုင်ငံရေးရာအတွက် စစ်ဦးစီးအရာရှိချုပ်နှင့် အတွင်းရေးမှူးသစ်အား သမ္မတ ပက်ဂွမ်ဟေး (Park Geun-hye) က နိုဝင်ဘာလ ၃...
တိုကျို၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာဂါဆာကီမြို့ တွင် နိုဝင်ဘာလ ၃ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိပြီးနောက် အမေရိကန်ရေတပ်အခြေစိုက်စခန်း အဝင်အထွက်အား တစ်နာရီခန့်ပိတ်ထားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) စီးပွားရေးလုပ်ငန်းရှင် လူငယ်များ စနစ်တကျ မွေးထုတ်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းသစ်များ ဖော်ထုတ်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်လျက် ကုန်သည်စက်မှုအသင်းချုပ် နှင့် CIESF တို့ ပူးပေါင်း၍ Myanmar Business Model ပြိုင်ပွဲကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။