Connect with us

Asia

အငှားကိုယ်ဝန်ဆောင်ခြင်းအား ကမ္ဘောဒီးယားတွင် တားမြစ်

ကိုယ်ဝန်ဆောင် အမျိုးသမီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်း လုပ်ငန်းများ အလျင်အမြန် ကျယ်ပြန့်လာသောကြောင့် တရားမဝင်အဖြစ် တားမြစ်လိုက်ကြောင်း Cambodia Daily က နိုဝင်ဘာလ ၃ ရက်က သတင်းတင်ပြထားသည်။

တရားရေး ဝန်ကြီး Ang Vong Vathana က အငှား ကိုယ်ဝန်ဆောင်ခြင်းသည် လူကုန်ကူးမှု ပုံစံ တစ်ခု ဖြစ်ကြောင်း ဖော်ပြကာ တရားမဝင်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ကမ္ဘောဒီးယား ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အငှားကိုယ်ဝန်ဆောင်ခြင်းအား တားမြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး Mam Bunheng က ကြေညာခဲ့သည်။

ယခုလို ကြေညာချက်အသစ်သည် အကြမ်းဖျဉ်း သတ်မှတ်ချက်အနေဖြင့် သွေး၊ မသန္ဓေမျိုးစေ့၊ ရိုးတွင်းခြင်ဆီ နှင့် လူသား ဆဲလ်များအားလုံးအပေါ် တားမြစ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အမျိုးသား သုတ်ရည် စီးပွားဖြစ် လှူဒါန်းခြင်းနှင့် ကုသပေးမည့် ဆေးခန်းများ၊ ကျွမ်းကျင်ဆရာဝန်များ အနေဖြင့် ဖန်ပြွန်သန္ဓေနည်းဖြင့် ကလေးယူခြင်း (IVF) ဝန်ဆောင်မှုများအတွက် ဝန်ကြီးဋ္ဌာနမှ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်းအား လုပ်ကိုင်ပေးသူနှင့် ပွဲစားများ အနည်းဆုံး ၅၀ နှင့် အထက်ရှိပြီး အများစုမှာ အိန္ဒိယ၊ နီပေါနှင့် ထိုင်းနိုင်ငံများမှ လုပ်ငန်း ရွှေ့ပြောင်းလာခြင်း ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.