ရာအွန်ဒီ ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ရာအွန်ဒီ ( Yaounde) မြို့မှ နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် Douala မြို့သို့ဦးတည် မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စင်းသည် အောက်တိုဘာလ ၂၁ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်တွင် တိမ်းမှောက်သွားရာ ရထားပေါ်လိုက်ပါလာသူ ၅၃...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ် အတည်ပြုရန်အတွက် ပြည်ထောင် စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ (UPDJC )အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထောက်အကူပြု (Support to the Reform of the Myanmar Police Force) ၅ နှစ်စီမံကိန်း(၂၀၁၆-၂၀၂၁)အား ဥရောပ သမဂ္ဂ(EU)မှ ယူရို သန်း ၃၀ လျာထားကြောင်း မြန်မာနိုင်ငံ...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများပေါ်မှ ညနေ နေဝင်ချိန် ဆည်းဆာကြည့်ရှုသော နေရာများ ကန့်သတ်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဗလာဒီဘော့စတော့ခ် ၊ရုရှား ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Yamal ကျွန်းဆွယ်၌ MI-8 ရဟတ်ယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးသောကြောင့် မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးသေဆုံးပြီး အခြား ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ခြောက်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်းရှိ မြို့နယ် အသီးသီး၌ ဆောက်လုပ် နေသော ကန်ထရိုက် တိုက်များ သတ်မှတ်ရက် အတွင်း တည်ဆောက်ခြင်း မရှိဘဲ ရပ်နားထားပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြား နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ...
ရန်ကုန်၊ အောက်တိုဘာ ၂၁ရက် (ဆင်ဟွာ) လိုင်စင်မဲ့ယာဉ် များအား လိမ်လည် ရောင်းချခြင်းများ ရှိနေသည့်အတွက် ဝယ်ယူမည့် မော်တော်ယာဉ် များကို လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် ကိုသိနိုင်ရန် အုံနာဘုတ်၊ ဝှီးတက်တို့ ယူဆောင်ကာ လာရောက် စစ်ဆေးနိုင်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။