ဘရက်ဇီလျာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း ဒီလ်လာ ရူးဆက်ဖ်အား စွဲချက်တင်ပြီးနောက် နာရီပိုင်းအကြာတွင် ဒုတိယ သမ္မတလည်း ဖြစ်၊ နိုင်ငံရေး ပြိုင်ဘက်လည်း ဖြစ်သူ မစ်ရှဲ တီမာ (Michel Temer) က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်။
ကျူးဘား၊ စက်တာဘာ ၁ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ အလယ်ပိုင်း Santa Clara မြို့သို့ သြဂုတ်၃၁ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံမှ ပထမဆုံး ပုံမှန်တိုက်ရိုက်ခရီးစဉ် ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ် တစ်စီး ရောက်ရှိလာခဲ့ပြီး စစ်အေးကာလ မပြေလည်သည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ပျော့ပျောင်းလာစေရန် အရေးကြီးသည့်...
ဗြူနိုအဲရစ် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီး ဒီယေဂိုဂူလာ(Diego Guelar)က တရုတ်နိုင်ငံအား အာဂျင်တီးနား၏ အကြီးအကျယ်ဆုံးလက်တွဲဖော်ဟု သြဂုတ်လ ၃၁ ရက်တွင် ချီးကျူးစကားဆိုလိုက်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်အကြာင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြချက်၌ ထည့်သွင်းဆွေးနွေးသွားသည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မကြာသေးမီက စင်ကာပူနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ဇီကာဗိုင်းရပ်စ် ရောဂါကို ပထမဆုံး တွေ့ရှိကြောင်း မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၁ ရက်တွင် အတည်ပြုပြောကြားသည်။
မဒါဂတ်စကာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မဒါဂတ်စကာ အစိုးရက ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ နေကြတ်မှုှ ဖြစ်ပေါ်မည်ဟု ခန့်မှန်းရ၍ ကျန်းမာရေး ထိခိုက်မှုများ ရှိလာနိုင်သောကြောင့် ယင်းနေ့အား အားလပ်ရက်အဖြစ် အစိုးရကောင်စီက သြဂုတ် ၃၁ တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မူဆယ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) လက်နက်ကိုင် ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိရှိ ချုပ်ငြိမ်းပြီး စည်းလုံးညီညွှတ်သော အေးချမ်းသာယာသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန်လိုအပ်ကြောင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၏ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
ဒူဘိုင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဒူဘိုင်းမြို့၌ ကမ္ဘာ့အကြီးဆုံး မိသားစုအားလပ်ရက် အနားယူစရာ ရုံတွင်းပန်းခြံ (IMG) ကို သြဂုတ်လ ၃၁ ရက်တွင် ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက်ဘင်ရက်စ်ရှိ အယ်မက်ကိုတမ်(Sheikh Mohammed bin Rashid Al-Makotum) က...
ဘန်ကောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်သစ် နှစ်စင်းကို ထိုင်းနိုင်ငံ လေတပ်မှ ဝယ်ယူခဲ့ကြောင်း စက်တင်ဘာ ၁ ရက် ထုတ် ထိုင်းပြည်တွင်း သတင်းစာများက ရေးသားဖော်ပြသည်။