Connect with us

Latin America

ဘရာဇီး သမ္မတအဖြစ် တီမာ ကျမ်းသစ္စာ ကျိန်ဆို

ကျမ်းသစ္စာ ကျိန်ဆိုနေသည့် ဘရာဇီး သမ္မတ မစ်ချယ်တီမာ (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရက်ဇီလျာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတဟောင်း ဒီလ်လာ ရူးဆက်ဖ်အား စွဲချက်တင်ပြီးနောက် နာရီပိုင်းအကြာတွင် ဒုတိယ သမ္မတလည်း ဖြစ်၊ နိုင်ငံရေး ပြိုင်ဘက်လည်း ဖြစ်သူ မစ်ရှဲ တီမာ (Michel Temer) က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်။

တီမာသည် ဘရာဇီး သမ္မတဟောင်း ဒီလ်လာ ရူးဆက်ဖ် တရား စွဲဆိုခံရပြီးနောက် ယာယီ သမ္မတအဖြစ် မေလ ၁၂ ရက်က တရားဝင် လွှဲပြောင်းယူခဲ့သူ ဖြစ်သည်။
လွှတ်တော်အတွင်း အထူး အစီအစဉ်အနေဖြင့် အမျိုးသား သီချင်း တီးခတ်ပြီးနောက် တီမာက ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ တရားသူကြီးချုပ် ရီကာဒို လီဝမ်ဒိုးစကီး၊ လွှတ်တော် ဥက္ကဋ္ဌ ရီနန် ကယ်လ်ဟီရိုစ်နှင့် လက် ထောက် ရှေ့နေများ ဥက္ကဋ္ဌ ရိုဒရီယို မီယာ တို့၏ ရှေ့မှောက်၌ တီမာက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။
တီမာသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သမ္မတ တာဝန် ထမ်းဆောင်မည် ဖြစ်သည်။
သြဂုတ်လ ၃၁ ရက် ညနေပိုင်းက တိုက်ရိုက် မိန့်ခွန်း အသံထုတ်လွှင့်ခဲ့ပြီး ဖြစ်သောကြောင့် သမ္မတသစ် အနေ ဖြင့် တီမာသည် မိန့်ခွန်းပြောကြားခြင်း မရှိခဲ့ပေ။
“ကျွနု်ပ်သည် အခြေခံ ဥပဒေအား ထိန်းသိမ်းစောင့်ရှောက်၊ ကာကွယ်ကာ တာဝန်ကျေပွန်စွာ ထမ်းရွက် သွားမည်၊ နိုင်ငံ၏ ဥပဒေအား လေးစားလိုက်နာခြင်း၊ ဘရာဇီး ပြည်သူများ၏ သုခချမ်းသာအား မြင့်တင်ခြင်း၊ ဘရာဇီးနိုင်ငံ၏ စည်းလုံးညီညွတ်ရေး၊ ပေါင်းစည်းရေးနှင့် လွတ်လပ်ရေးအား တည်တံ့စေခြင်း စသည်တို့အား ထိန်းသိမ်းစောင့်ရှောက်သွားမည်” ဟု တီမာက ၎င်း၏ တွစ်တာ အကောင့်၌ ရေးသားထားသည်။
ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြီးနောက် တီမာသည် သမ္မတအဖြစ် ၎င်း၏ ပထမဆုံး အစိုးရအဖွဲ့အား ဖွဲ့စည်းရန် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးပြီးနောက် တီမာသည် တရုတ်နိုင်ငံသို့ သွားရောက်ကာ စက်တင် ဘာလ ၄ ရက်၊ ၅ ရက်တွင် ပြုလုပ်မည့် G20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.