Connect with us

Latin America

ကျူးဘားသို့ တိုက်ရိုက်ပျံသန်းသည့် အမေရိကန် ခရီးသည်တင်လေယာဉ် နှစ်ငါးဆယ်အတွင်း ပထမဆုံးခရီးစဉ် ရောက်ရှိလာ

ကျူးဘား သို့ ရောက်ရှိလာသည့် အမေရိကန်မှ JetBlue လေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

ကျူးဘား၊ စက်တာဘာ ၁ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အလယ်ပိုင်း Santa Clara မြို့သို့ သြဂုတ်၃၁ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံမှ ပထမဆုံး ပုံမှန်တိုက်ရိုက်ခရီးစဉ် ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ် တစ်စီး ရောက်ရှိလာခဲ့ပြီး စစ်အေးကာလ မပြေလည်သည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ပျော့ပျောင်းလာစေရန် အရေးကြီးသည့် ပထမဆုံးခြေလှမ်းတစ်ခု ဖြစ်လာကြောင်း သိရသည်။

အမေရိကန်နိုင်ငံ မှ JetBlue လေယာဉ်သည် လေကြောင်းလိုင်း အမှုဆောင်များ၊အမေရိကန် ပို့ဆောင်ရေးဝန်ကြီး အန်တိုနီ ဖို့ဇ် နှင့် ခရီးသည် ၁၅၀ဦး ကိုတင်ဆောင်ကာ ကျူးဘားနိုင်ငံ Abel Santamaria အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဒေသစံတော်ချိန် နံနက် ၁၀း၅၇နာရီ ၌ ဆိုက်ရောက် လာခဲ့ကြောင်း သိရသည်။
JetBlue လေယာဉ်သည် နေ့စဉ်ပုံမှန်လေကြောင်းခရီးစဉ်များ မပြေးဆွဲမီ အောက်တိုဘာလ ၂၉ရက်မတိုင်ခင်အထိ Santa Clara မြို့သို့ တစ်ပတ် သုံးကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့်လများတွင် American လေကြောင်းလိုင်း၊ Frontier လေကြောင်းလိုင်း၊ Silver လေကြောင်းလိုင်း၊ Southwest လေကြောင်းလိုင်း နှင့် Sun Country လေကြောင်းလိုင်း တို့ကလည်း Holguinမြို့၊ Camagueyမြို့၊ Cienfuegosမြို့၊ Santa Claraမြို့ နှင့် Varadero မြို့များသို့ ခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၌ အမေရိကန်နိုင်ငံရှိ မြို့များစွာ နှင့် ကျူးဘားနိုင်ငံ မြို့တော် ဟာဗာနာမြို့ရှိ လေဆိပ်အပါအဝင် လေဆိပ် ၁၀ခု အကြား နေ့စဉ် တိုက်ရိုက်လေကြောင်းပျံသန်းမှု အကြိမ် ၁၁၀ ခွင့်ပြုပေးသွားရန် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကျူးဘားနိုင်ငံ မြို့တော် ဟာဗာနာမြို့သို့ အသွားအပြန်ခရီးစဉ် စုစုပေါင်း ၂၀ ကို ခွင့်ပြုပေးပြီးဖြစ်သော်လည်း အမေရိကန်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန၏ နောက်ဆုံးအတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ မှ ပျမ်းမျှစင်းလုံးငှားလေယာဉ် ၁၈စင်းသည် ကျူးဘားလေဆိပ်များသို့ နေ့စဉ် ဆိုက်ရောက်နေပြီးဖြစ်သော်လည်း ပုံမှန်ပျံသန်းမှုများ စတင်လာသည်နှင့်အမျှ ယင်းလေယာဉ်အရေအတွက်လည်း လျော့ကျလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.