Connect with us

Myanmar

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁.၀၂ သန်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁.၀၂ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ (မတ် ၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ပဲခူးတိုင်းဒေသကြီး ပဒေါင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ မော်တော်ယာဉ်တစ်စီးထံမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအမှုနှင့် ဆက်စပ်သည့် အခြားယာဉ်တစ်စင်းတွင် သံသယရှိသူ သုံးဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးတန်ဖိုးမှာ ကျပ်ငွေ ၁.၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၂၈,၅၇၁ ခန့်) ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် အမှုနှင့်ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ၊ အဆိုပါ အမှုနှင့်ပတ်သက်သူ စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117