အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
ဟားဗားနား၊မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် အထူးသဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ နိုင်ငံခြားဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံပယ်ချကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က ထုတ်ဖော် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်းကုမ္ပဏီ CanSino Biologics မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သောပစ္စည်း ဒုတိယအကြိမ်တင်ပို့မှုကို မက္ကဆီကိုနိုင်ငံက မတ် ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောခဲ့သည်။
ဝန်ချန်း၊ ဟိုင်နန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဝန်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-7A Y2 သယ်ဆောင်ရေးဒုံးပျံကို မတ် ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
စိန်ရန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်သည် ပြည်ပတံခါးဖွင့်အဓိကပလက်ဖောင်းတစ်ခုဖြစ်ရာ လက်ရှိ လျောင်နင်ပြည်နယ်မှ ထွက်ခွာသည့် တရုတ်-ဥရောပရထားများသည် ဥရောပတိုက် နိုင်ငံပေါင်း (၂၀)ကျော်နှင့် မြို့ပေါင်း(၄၀)ကျော်ကို ရောက်ရှိနိုင်ကြောင်း သိရသည်။ ကုန်းလမ်းရထားချိတ်ဆက်သယ်ယူပို့ဆောင်မှုသည် ဥရောပတိုက်တစ်ခုလုံးကို လွှမ်းခြုံသွားလာနိုင်ပြီဖြစ်သည်။
ဟာရာရီ ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် တရုတ်နိုင်ငံထုတ် Sinovac နှင့် ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို အရေးပေါ်သုံးစွဲရန် ဇင်ဘာဘွေဆေးဝါးထိန်းချုပ်မှုအာဏာပိုင်အဖွဲ့က ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို တရားဝင် အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က မတ် ၈ ရက်၌ ပြောကြားခဲ့သည်။
ဆန်တီယေဂို၊မတ် ၉ ရက်(ဆင်ဟွာ) ချီလီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac မှ တီထွင် ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေး ပဉ္စမအသုတ်ကို မတ် ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံတွင် တင်းမာမှုများ လျော့ကျစေရေး ရှေ့ဆက်မည့် အဆိုပြုချက် သုံးခု ကို မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊မတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ချက်ချင်းလိုအပ်မှုရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၉ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ထောက်ပံ့ပေးအပ်နေကြောင်း နှင့် နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ကာကွယ်ဆေးများ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မတ်...