ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော် ရန်ကုန်၌ မြန်မာ့ လက်မှု ပညာရှင် တစ်ဦး ဖြစ်သူ ကိုဇေယျာက ခေတ်ဟောင်းကာလက မော်တော်ယာဉ်များကို သစ်သားဖြင့် အသေးစား ဖန်တီး ပုံဖော်နေသည်မှာ သုံးနှစ် ဝန်းကျင် ရှိလာခဲ့ပြီ ဖြစ်ပါသည်။
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ မေ (၃) ရက်သည် (၂၆) ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး အဆိုပါ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား အား ယနေ့တွင် ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပခဲ့သည်။ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် က “ဒီမိုကရေစီအရေးကို အထောက်အကူပေးမည့်...
ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ငြိမ်းချမ်းရေး ကော်မရှင်သို့မော်တော်ယာဉ် ၅ စီး ပေးအပ် လှူဒါန်း သည့် အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) မော်တော်ယာဉ်များ တင်သွင်း ရောင်းချနေသော ကုမ္ပဏီ ၂၆ ခုသည် ကျသင့် အခွန်များ ပေးဆောင်ရန် ပျက်ကွက် နေသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ကျသင့် အခွန်များ ပေးသွင်းရန် လိုအပ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၁)၊ ကြယ်စင် လမ်းမပေါ်၌ ရပ်တန့်ထားသည့် Mark II အဖြူရောင် မော်တော်ယာဉ်သည် ယနေ့ ဇန်နဝါရီ ၆ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်းများကြောင့် လတ်တလော အခြေအနေတွင် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ ၁၃၈၀ ကျော်မှ ၁၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လာဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည် ရင်းနှီးမှု တိုးပွားစေရေး အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည် မြန်မာနိုင်ငံသို့အောက်တိုဘာလတွင် ဝင်ရောက် လာမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ)ကို ခရီးသည်ပို့ဆောင်ရေး မော်တော် ယာဉ်ကြီးကြပ်ရေးကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုရေး အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)သို့လျှောက်ထားရာတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပေးမည့် ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား ပူးတွဲတင်ပြရန် လိုအပ်သော မော်တော်ယာဉ် တင်သွင်းခြင်းများအား အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်း လာသော မော်တော်ယာဉ်များ အပေါ် လုပ်ငန်း စတင် ဆောင်ရွက်ခဲ့သည့် (၂၅-၁ဝ-၂ဝ၁၁) ရက်မှ (၂၄-၁၂-၂ဝ၁၅) ရက်အထိ အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျသင့်ခွန်...