Connect with us

Local

မော်တော်ယာဉ် တင်သွင်း ရောင်းချနေသော ကုမ္ပဏီ ၂၆ ခုမှာ အခွန်ပေးဆောင်ရန် ပျက်ကွက်နေသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ပေးသွင်းရန် ကြေညာ

စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီး ဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

မော်တော်ယာဉ်များ တင်သွင်း ရောင်းချနေသော ကုမ္ပဏီ ၂၆ ခုသည် ကျသင့် အခွန်များ ပေးဆောင်ရန် ပျက်ကွက် နေသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ကျသင့် အခွန်များ ပေးသွင်းရန် လိုအပ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကုမ္ပဏီ ၂၆ ခုတို့သည် မတ်လ ၇ ရက် အထိ ၂၀၁၃-၂၀၁၄ ၊ ၂၀၁၄-၂၀၁၅ ၊ ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ် များ အတွက် ကျသင့် အခွန်များ ပေးဆောင်ရန် ဆက်လက် ပျက်ကွက်နေကြောင်း စိစစ် တွေ့ရှိရကြောင်း ၊ ထိုကုမ္ပဏီများသည် အခွန် စည်းကြပ်မှု ခံယူရမည့် သက်ဆိုင်ရာ အခွန်ရုံး များသို့ ဆက်သွယ်ပြီး ကျသင့်အခွန်များ ပေးသွင်းရန် လိုအပ်ကြောင်း ကြေညာချက် ထဲတွင် ဖော်ပြ ပါရှိသည်။တိုးမြှင့် သတ်မှတ်ပေးသည့် ကာလ အတွင်း အခွန် ပေးဆောင်ရန် ပျက်ကွက်သည့် ကုမ္ပဏီများသည် တည်ဆဲ အခွန်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များ နှင့် အညီ အရေးယူခြင်း ၊ တရားစွဲဆိုခြင်း ၊ ဆက်စပ် ဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်း လုပ်ကိုင်ခွင့် ဆိုင်ရာများ ယာယီ ရပ်ဆိုင်းခြင်း တို့ကို ခံရနိုင်မည် ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားသည်။(Xinhua)