Connect with us

Social

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ် မြန်မာနိုင်ငံသို့လာရောက်မည်

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ် အကြို လမ်းစစ်ဆေးခြင်း အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည် ရင်းနှီးမှု တိုးပွားစေရေး အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည် မြန်မာနိုင်ငံသို့အောက်တိုဘာလတွင် ဝင်ရောက် လာမည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည် မြန်မာနိုင်ငံသို့မူဆယ် နယ်စပ်ဂိတ်မှ ဝင်ရောက်လာမည် ဖြစ်ပြီး မူဆယ် ၊ ဗန်းမော် ၊ မန္တလေး ၊ ပုဂံ ၊ နေပြည်တော် ၊ ရန်ကုန် ၊ ပဲခူး ၊ အင်းလေး သို့သွားရောက်ပြီး ပျဉ်းမနားမှ တဆင့် တရုတ်ပြည်ဘက်သို့ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး အချိန် အားဖြင့် ၁၉ ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ် ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ် အကြို လမ်းစစ်ဆေးခြင်း အခမ်းအနားအပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ် အကြို လမ်းစစ်ဆေးမည့် မော်တော်ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုမော်တော်ယာဉ်တန်း ခရီးစဉ် အတွင်း ကျန်းမာရေး အခမဲ့ ဆေးကုသခြင်းများ ၊ ဆင်းရဲနွမ်းပါးသည့် ဒေသများသို့လှူဒါန်းခြင်း ၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း ၊ ဘုန်းတော်ကြီးသင် ပရဟိတ မိဘမဲ့ ကျောင်းများနှင့် အတူ ဆင်းရဲနွမ်းပါးသည့် ကျောင်းများသို့ကူညီမှုများ ၊ အားကစား နှီးနှော ဖလှယ်ခြင်း အဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဝှေ့ပွဲများ ၊ ချစ်ကြည်ရေး ဘောလုံး/ဘောလီဘော ပြိုင်ပွဲများ ၊ အနုပညာ ပြပွဲများ အဖြစ် ချစ်ကြည်ရေး ပဒေသာ ကပွဲ ၊ ပန်းချီပြပွဲများ ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အတူ တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်တွင် တရုတ်နိုင်ငံမှ နာမည်ကြီး သတင်းမီဒီယာများလည်း ပါဝင်လိုက်ပါလာမည် ဖြစ်ပြီး ခရီးစဉ်အကြောင်းအရာများအား ရိုက်ကူး ထုတ်လွှင့် ပြသခြင်းများ ပြုလုပ်သွားမည် ဖြစ်သည့် အပြင် ခရီးစဉ် တစ်လျှောက် မြန်မာနိုင်ငံ၏ ရှုခင်း အလှ ဓာတ်ပုံများအား ရိုက်ကူး၍ တရုတ်နိုင်ငံ၌ ပြိုင်ပွဲ ပြုလုပ် ပြသခြင်း များလည်း ပြုလုပ်သွားရန် စီစဉ်ထားပြီး ယခု ခရီးစဉ်မှ တဆင့် တရုတ်နိုင်ငံ၏ များစွာသော ခရီးသွားများသည် မြန်မာနိုင်ငံ၏ ချစ်ကြည် ရင်းနှီးမှုကို ပိုမို သိရှိပြီး မြန်မာနိုင်ငံ ခရီးသွား ဧည်သည် ဆွဲဆောင်မှု သိရှိလာအောင် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်အား တရုတ်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ၊ တရုတ် ယဉ်ကျေးမှု မြှင့်တင်ရေး အသင်း ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး နှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန တို့ပူးပေါင်း စီစဉ် ကျင်းပ ခြင်း ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းမှ ပါဝင် ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယခုအခါတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည် တရုတ်နိုင်ငံမှ စတင် ထွက်ခွာနေပြီး မြန်မာနိုင်ငံသို့အောက်တိုဘာ ၁ ရက် နောက်ပိုင်းတွင် ဝင်ရောက်လာမည်ဟု မျှော်မှန်း ထားကြောင်း ၊ ယခုအခါတွင် ခရီးစဉ် အကြို လမ်းစစ်ဆေးခြင်း စတင်ခြင်း အဖြစ် ယနေ့ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို ့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှု ဌာန၌ အခမ်း အနား တစ်ရပ်အား ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)