Connect with us

Videos

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမတွင်ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းထံ မော်တော်ယာဉ်များ လွှဲပြောင်း ပေးအပ် လှူဒါန်းစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ မေ (၃) ရက်သည် (၂၆) ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး အဆိုပါ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား အား ယနေ့တွင် ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပခဲ့သည်။ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် က “ဒီမိုကရေစီအရေးကို အထောက်အကူပေးမည့် သတင်းမီဒီယာများ/ ဒီမိုကရေစီအတွက် သတင်းမီဒီယာများ (Media for Democracy) အားလုံးအတွက် ဒီမိုကရေစီသည် လွတ်လပ်မှု၊ တန်းတူညီမှုနဲ့ တရားမျှတမှုတွေကို ဦးထိပ်ပန်ဆင်ပါတယ်။ မီဒီယာသည်လည်းပဲ သတင်းလွတ်လပ်ခွင့်ဆိုတာကို အစဉ်တစိုက်ဦးတည်ပြီးလှုပ်ရှားဆောင်ရွက်နေရတာဖြစ်သော်လည်းပဲ တကယ်တမ်းတော့ လွတ်လပ်မှုတစ်ခုတည်းကို တန်ဖိုးထားတာမဟုတ်ပါဘူး၊ တန်းတူညီမှုနဲ့ တရားမျှတမှုများကိုလည်း မီဒီယာသည် အလေးထားတာဖြစ်ပါတယ်’’ဟု ပြောသည်။

ယခုကျင်းပသော ပွဲဆောင်ပုဒ်မှာ “Media for Democracy : Journalism and Elections in Times of Disinformation” ဒီမိုကရေစီအတွက်မီဒီယာ၊ လုပ်ကြံသတင်းခေတ် အတွင်းမှ သတင်းအတတ်ပညာနှင့် ရွေးကောက်ပွဲများ ဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး စတင်ကျင်းပခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉)တွင်လည်းကောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄ (က) တွင်လည်းကောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်များ ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သဘောထားထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၃(က) တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်၊ သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန်၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်၊ ပုဒ်မ ၄ တွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ ကိုလည်း ပြဋ္ဌာန်းထားကြောင်း သိရသည်။အလားတူ ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း သတင်းမီဒီယာလွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်လျှက်ရှိသော ဥပဒေများကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်စေလိုကြောင်း ယနေ့ကျရောက်သည့် (၂၆) ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တိုက်တွန်းလိုက် ကြောင်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117