Connect with us

Social

မထသ(ဗဟို)ကို ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များကြီးကြပ်မှုကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မထသ မော်တော်ယာဉ်အချို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ)ကို ခရီးသည်ပို့ဆောင်ရေး မော်တော် ယာဉ်ကြီးကြပ်ရေးကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

အဆိုပါ ပြောင်းလဲဖွဲ့စည်းခြင်းကို မထသအနေဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ်သော ကြီးကြပ်ရေးအဖွဲ့၊ ရွေးချယ်တင်မြှောက်ရေးကော်မရှင် စသည့်အဖွဲ့အစည်းများမှ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည် ဖွဲ့စည်းပေးမည်ဖြစ်ရာ အဖွဲ့သစ်ကို လက်ရှိရွေးချယ်ဆဲဖြစ်ကြောင်း နှင့် ရွေးချယ် ဖွဲ့စည်းပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ အတည်ပြုချက် ရယူသွားမည်ဖြစ် ကြောင်း မထသ(ဗဟို )မှ သိရသည်။

လက်ရှိ မထသ(ဗဟို)ရန်ကုန်မြို့တွင်း တွင် ယာဉ်လိုင်းအဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့၊ ယာဉ်လိုင်းပေါင်း ၃၅၂ လိုင်းနှင့် ယာဉ်စီးရေ ၇၄၇၃ စီးရှိပြီး နေ့စဉ်ယာဉ်စီးရေ ၄၆ဝဝ ကျော် ထွက်ရှိကာ ခရီးသွားပြည်သူ ၅ဒသမ ၂ သန်းကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး များသို့ ဆက်စပ်ပြေးဆွဲနေ သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ (အဝေးပြေး) ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်း ၁၄၅ လိုင်းနှင့် ယာဉ်စီးရေ ၁၆၄၄ စီးဖြင့် ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117