ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) များကို စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
လော့အိန်းဂျလိစ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အသက် ၆ လသားအရွယ်ထိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ယခုရက်သတ္တပတ်တွင် စတင်ရန် ရည်မှန်းထားကြောင်း သိရသည်။
အော့တဝါ ၊ ဇွန်၁၄ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့က ၎င်းသည် COVID-19 ရောဂါ ထပ်မံကူးစက်ခံရကြောင်း ဇွန် ၁၃ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးသည် “အကောင်းဆုံးလက်ဆောင်”ဖြစ်သလို တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် ကာကွယ်ဆေးသည် “ဥမင်၏အဆုံး၌အလင်း” သဖွယ် မျှော်လင့်ချက်များ ဆောင်ကျဉ်းပေးနေသည်။
ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်အဆင့်ဒေသ ၁၅ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၃၈,၀၀၀ ကျော်သည် တရုတ်နိုင်ငံ၏ ငွေကြေးလုပ်ငန်းဆိုင်ရာ အကြီးဆုံးမြို့ကြီးဖြစ်သည့် ရှန်ဟိုင်းမြို့၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် သွားရောက်နေကြပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ ပြောကြားချက်အရ သိရသည်။
ရှန်ဟိုင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ မကြာသေးခင်က COVID-19 ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကို ကာကွယ်ထိန်းချုပ်ရန် ကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ယနေ့ ဧပြီ ၃ ရက်တွင် မြို့လုံးကျွတ် ခန္ဓာကိုယ် ခုခံအားစနစ်စစ်ဆေးမှု နှင့် မနက်ဖြန် ဧပြီ ၄ ရက်တွင် နျူကလိစ်အက်စစ်ဆေးမှုများ...
ဟောင်ကောင် ၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်ရှင် လက်အောက်ရှိ COVID-19 ကပ်ရောဂါတုန့်ပြန်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Liang Wannian ဦးဆောင်သော တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဟောင်ကောင်၏ ကပ်ရောဂါတိုက်ဖျက်ရေး ရပ်ရွာအခြေပြုနေရာများသို့သွားရောက်ကာ ပြည်တွင်းကူးစက်မှုများ စမ်းသပ်ခြင်း ၊ သီးခြားခွဲနေရာများထားရှိခြင်း နှင့်...
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် ဝန်ထမ်းများပါဝင်သော ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် COVID-19 ရောဂါ နောက်ဆုံးအကြိမ် ကူးစက်ပြန့်နှံ့လျက်ရှိသည့် ဟောင်ကောင်တွင် ရောဂါတိုက်ဖျက်ရေးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဟောင်ကောင်(HKSAR) သို့ Shenzhen နယ်စပ်ဂိတ်မှတဆင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း...
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များကြီးကြပ်ကွပ်ကဲရေးဌာနက Sinopharm zhongsheng Beijing ၏ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်း တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အသက်...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက်သည် ၉ သိန်းကျော်အထိရှိလာခဲ့ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဝါရှင်တန်အမျိုးသားဘုရားကျောင်း(Washington National Cathedral) ၌ အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။