Connect with us

Social, Education & Health

COVID-19 ရောဂါ နောက်ဆုံးကူးစက်ပြန့်နှံ့မှုကို တိုက်ဖျက်ရန် ဟောင်ကောင်သို့ တရုတ်ပြည်မကြီးမှ ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာအဖွဲ့ရောက်ရှိ

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသို့ ရောက်ရှိလာသော တရုတ်ပြည်မကြီးမှ ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများအား ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် ဝန်ထမ်းများပါဝင်သော ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် COVID-19 ရောဂါ နောက်ဆုံးအကြိမ် ကူးစက်ပြန့်နှံ့လျက်ရှိသည့် ဟောင်ကောင်တွင် ရောဂါတိုက်ဖျက်ရေးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဟောင်ကောင်(HKSAR) သို့ Shenzhen နယ်စပ်ဂိတ်မှတဆင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ယင်းဆေးဘက်ဆိုင်ရာအဖွဲ့တွင် စိုးရိမ်ဖွယ်ရောဂါအခြေအနေကုသရေးဆိုင်ရာ ဆေးပညာရှင် ၄ ဦး ၊ စီမံခန့်ခွဲရေးအရာရှိ ၄ ဦး နှင့် နမူနာစုဆောင်းရေးဝန်ထမ်း ၁၀၆ ဦးအပါအဝင် စုစုပေါင်း လူ ၁၁၄ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသို့ ရောက်ရှိလာသော တရုတ်ပြည်မကြီးမှ ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများအား ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံပြည်မကြီးမှ စေလွှတ်လိုက်သည့် စိုးရိမ်ဖွယ်ရောဂါ အခြေအနေကုသရေးဆိုင်ရာ ဆေးဘက်ပညာရှင် ၄ ဦးသည် ဟောင်ကောင်ရှိ ဆေးဝါးကုသရေးကျွမ်းကျင်သူများနှင့်အတူလက်တွဲ၍ COVID-19 ရောဂါ ပြင်းပြင်းထန်ထန် ဆိုးရွားစွာခံစားနေရသည့် ဝေဒနာရှင်များအား ကုသမှုပေးခြင်း နှင့် ပြည်မကြီးတွင် COVID-19 လူနာများအား ကုသခဲ့ပုံ အတွေ့အကြုံကောင်းများကို ဝေမျှပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူးကယ်ရီလမ်းအား Penny’s Bay (q) စင်တာ၌ ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် ကပ်ရောဂါတိုက်ဖျက်ရေး စတင်ခြင်း အခမ်းအနားတွင် တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဟောင်ကောင်ရှိ Penny’s Bay နှင့် Kai Tak Pier တို့တွင် တရုတ်ပြည်မကြီးမှ ကူညီထောက်ပံ့မှုနှင့်အတူ သီးခြားခွဲနေရာ (community isolation) နှင့် ကိုဗစ်ကုသရေး နေရာနှစ်ခု တည်ဆောက်ခြင်းအား အသီးသီးစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ China State Construction International Holdings Ltd ကုမ္ပဏီမှ ဒီဇိုင်းဆွဲတည်ဆောက်ပေးခဲ့သည့် ယင်း သီးခြားခွဲကုသရေး နေရာ ၂ ခုသည် အပြည့်အဝ လုပ်ငန်းစတင်လည်ပတ်ချိန်တွင် လူနာပေါင်း ၉,၅၀၀ ခန့်ကို ပြုစုစောင့်ရှောက် ကုသမှုပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်ဒေသခံများကိုယ်စား HKSAR အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်တွင် ရောဂါကုသရေးအတွက် ၎င်းတို့၏ ဂရုတစိုက်ဖြင့် အပြည့်အဝထောက်ခံအားပေးမှု ၊ ကြီးမားစွာအလေးထားမှုအတွက် ဗဟိုအစိုးရခေါင်းဆောင်မှုအပိုင်းအား အထူးလှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း Penny’s Bay (q) စင်တာ၌ ပြုလုပ်သည့် ရောဂါတိုက်ဖျက်ရေးစတင်မှုအခမ်းအနား၌ အမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရ နောက်ဆုံးအကြိမ် COVID-19 ရောဂါကူးစက်ပြန့်ပွားလျက်ရှိသည့် ဟောင်ကောင်အား ကူညီထောက်ပံ့မှု နှင့် အဆင့်အတန်းမြှင့်မားသည့်(q) စင်တာတည်ဆောက်ရေးကို လုပ်ကိုင်ဆောင်ရွက်ပေးသည့် China State Construction International ကုမ္ပဏီအား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်းလည်း အခမ်းအနားတွင် ကယ်ရီလမ်းက ဖြည့်စွက် ပြောကြားခဲ့သည်။(Xinhua)

—————————————-
(Chinese Version)

Second medical team from mainland arrives in Hong Kong in fighting latest COVID-19 outbreak

HONG KONG, Feb. 19 (Xinhua) — The second team of mainland health experts and workers arrived in the Hong Kong Special Administrative Region (HKSAR) via the Shenzhen Bay Port on Saturday to work with the HKSAR government in fighting the latest COVID-19 outbreak.

The team is comprised of 114 members, including four critical care medical specialists, four administrative staff members, and 106 sampling workers.

The four critical care specialists will discuss with clinical medical experts in Hong Kong on the treatment of severe and critical COVID-19 cases, and share the treatment experience of COVID-19 patients in the mainland.

Also on Saturday, the construction of two community isolation and treatment facilities built with assistance from the mainland began at Penny’s Bay and Kai Tak Pier in Hong Kong, respectively.

Designed and constructed by China State Construction International Holdings Ltd., the two isolation facilities are expected to provide about 9,500 quarantine units when fully operational.

On behalf of the Hong Kong residents, HKSAR Chief Executive Carrie Lam expressed her heartfelt thanks to the central leadership for their great attention, care and full support to Hong Kong at the commencement ceremony held at Penny’s Bay quarantine site.

The HKSAR government would like to express its sincere gratitude to the China State Construction International for its professionalism and sense of responsibility in assisting Hong Kong in the fight against COVID-19, Lam said.

Photo(1/2) The second anti-pandemic work group from the Chinese mainland to support the COVID-19 control efforts of the Hong Kong Special Administrative Region (HKSAR) arrives at south China’s Hong Kong, Feb. 19, 2022. (Xinhua/Li Gang)
Photo(3) HKSAR Chief Executive Carrie Lam speaks at the commencement ceremony held at Penny’s Bay quarantine site in south China’s Hong Kong on Feb. 19, 2022. (Xinhua)