ဘန်ကောက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၂ ခုတွင် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်တချို့ဖြေလျှော့သွားရန် COVID-19 အခြေအနေစီမံခန့်ခွဲရေး စင်တာ (CCSA) ထံ အဆိုပြုသွားမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးက မီဒီယာများအား ဧပြီ ၂၀ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ခရီးသွားဧည့်သည်များ လာရောက်ရာ ပင်လယ်ကမ်းခြေမြို့ဖြစ်သော ပတ္တယားမြို့ကို COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုအဖြစ် ခရီးသွားဧည့်သည့်များ ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။
ဘန်ကောက် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီပြည်နယ်ရှိ ခရီးသွား လာရောက်မှုများပြားသော ကော့စမွေကျွန်းကို ဧပြီ ၇ ရက်မှစ၍ လကုန်အထိ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ဧပြီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်တွင် တရားဝင်လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူများအတွက် ရည်စူးပြီး ပြည်သူများက ထောက်ပံ့အလှူငွေများ ဝိုင်းဝန်းထည့်ဝင်ကြရာ စုစုပေါင်း ထိုင်းဘတ်ငွေ ၂၃ သန်း (အမေရိကန်ဒေါ်လာ ၇၃၅,၇၄၆) ထိ လက်ခံ...
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတစ်ခု၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသူများအတွက် ထိုင်းပြည်သူများက ဖေဖော်ဝါရီ ၉ ရက်တွင် နိုင်ငံအနှံ့အပြား၌ ဆုတောင်းမေတ္တာပို့သမှု အခမ်းအနားများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်း ရိုးရာအနှိပ်ပညာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ရိုးရာယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritages) စာရင်းတွင် တရားဝင်ထည့်သွင်းလိုက်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး အစ်သီဖိုလ် ခွန်ပလွမ် (Itthiphol Kunplome)...
ဘန်ကောက်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်တို့သည် နိုဝင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့၌ တွေ့ဆုံပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်ရေး နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး မြှင့်တင်ရန် အစီအစဉ်အရ လမ်းဘေးအစားအစာ အရည်အသွေး မြှင့်တင်ရန် သြဂုတ်လ ၁၆ ရက်က သန္နိဋ္ဌာန်ချလိုက်ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့က ခရီးသွားဧည့်သည်များအား ထောက်ပံ့ပေးရန်နှင့် နိုင်ငံ၏ ဆွဲဆောင်မှုများ၊ ပွဲများနှင့် ပွဲတော်များအား မြှင့်တင်ရန် ရွေ့လျားသတင်းအချက်အလက်ယာဉ်တစ်စင်းအား မိတ်ဆက်လိုက်ကြောင်း သိရသည်။