Connect with us

ASEAN

ထိုင်းနိုင်ငံတွင် COVID-19 အတည်ပြုလူနာသစ် ၁,၈၉၁ ဦးရှိပြီး ၂၁ ဦးထပ်မံသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တရုတ်ဆေးဝါးကုမ္ပဏီ Sinovac မှ ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

 

ဘန်ကောက်၊ မေ ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ မေ ၁ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁,၈၉၁ ဦး ရှိပြီး ၂၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) မှ သိရသည်။

ကူးစက်မှုအသစ်များတွင် ၁,၈၈၄ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၇ ဦးမှာ ပြည်ပမှ လာသူများဖြစ်ကြောင်း CCSA ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ထပ်မံကူးစက်ခံရသူ ၇၃၉ ဦးမှာ မြို့တော်ဘန်ကောက်မှ ဖြစ်ပြီး ဘန်ကောက်နှင့် နီးသည့် မြို့ ၂ မြို့ဖြစ်သည့် Samut Prakan တွင် ၁၄၂ ဦးနှင့် Chonburi တွင် ၁၂၆ ဦး ကူးစက်ခံခဲ့ရကြောင်း Taweesin ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၌ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၆၇,၀၄၄ ဦး ရှိပြီး ကူးစက်ခံရသူ၏ ထက်ဝက်မှာ ဧပြီလတွင် ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

တစ်ရက်တည်းတွင် သေဆုံးသူ ၂၁ ဦး ဖြင့် စံချိန်တင်ခဲ့ကာ နိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူ ၂၂၄ ဦးရှိလာကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Thailand reports 1,891 new COVID-19 cases, 21 more deaths
BANGKOK, May 1 (Xinhua) — Thailand on Saturday confirmed 1,891 new COVID-19 cases and 21 more fatalities, according to the country’s Center for COVID-19 Situation Administration (CCSA).
Of the new cases, 1,884 were domestic infections while seven others were imported cases, CCSA spokesman Taweesin Visanuyothin told a press conference.
A total of 739 of the new infections were detected in capital Bangkok, followed by 142 cases in Samut Prakan and 126 cases in Chonburi, both near Bangkok, according to Taweesin.
The new cases took the national tally to 67,044, with half of the cases reported in April.
The 21 fatalities, a record high reported in a single day, took the total death toll to 224 in the country. Enditem
Photo-A woman receives a dose of the COVID-19 vaccine developed by Chinese pharmaceutical company Sinovac in Bangkok, Thailand, April 7, 2021.(Xinhua/Rachen Sageamsak)