Connect with us

Asia

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် နှာခေါင်းစည်းမတပ်ဆင်သဖြင့် အမေရိကန်ဒေါ်လာ ၁၉၀ ခန့် ဒဏ်ငွေပေးဆောင်ရ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်က ဘန်ကောက်မြို့ရှိ လွှတ်တော် ဖွင့်ပွဲအခမ်းအနားအတွင်း မေးခွန်းများ ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာသည် နိုင်ငံအတွင်း အဆိုးဝါးဆုံးဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အထောက်အကူဖြစ်ရန် ရည်ရွယ်ထားသော ဆောင်ရွက်ချက်တစ်ခုဖြစ်သည့် နှာခေါင်းစည်းမတပ်ဆင်သည့်အတွက် ဧပြီ ၂၆ ရက်က ဒဏ်ငွေ ဘတ် ၆,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၁ ခန့်) ပေးဆောင်ရကြောင်း သိရသည်။

ပရာယွတ်သည် ဧပြီ ၂၆ ရက်က အစိုးရအိမ်တော်၌ အစည်းအဝေးတစ်ခုအတွင်း သဘာပတိအဖြစ် ဆောင်ရွက်နေစဉ် ၎င်း၏ နှာခေါင်းစည်းကို ဖယ်ရှားခဲ့သဖြင့် ယင်းနေ့မှ စတင်သက်ရောက်ခဲ့သော ဥပဒေအား ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဒဏ်ငွေပေးဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး Aswin Kwanmuang က ၎င်း၏ Facebook အကောင့်၌ ရေးသားခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှု တတိယလှိုင်းအား ထိန်းချုပ်ရန် ဧပြီ ၂၆ ရက်တွင် ဘန်ကောက်နှင့် အခြားပြည်နယ် ၄၇ ခုတွင် အများပြည်သူဆိုင်ရာ နေရာများနှင့် နေအိမ်ပြင်ပ၌ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန် သတ်မှတ်ထားခဲ့သည်။ လိုက်နာရန် ပျက်ကွက်သူများအနေဖြင့် ဒဏ်ငွေ ဘန် ၂၀,၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဧပြီ ၂၆ ရက်အထိ ရောဂါဖြစ်ပွားသူ ၅၇,၅၀၈ ဦးရှိပြီး ယခုလဆန်းပိုင်းမှစ၍ နှစ်ဆနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ (အမေရိကန် ၁ ဒေါ်လာ = ထိုင်းဘတ် ၃၁.၄၅) (Xinhua)

…………………………………………
(English Version)
Thai PM fined about 190 USD for not wearing face mask

BANGKOK, April 26 (Xinhua) — Thai Prime Minister Prayut Chan-o-cha was fined 6,000 baht (about 191 U.S. dollars) on Monday for not wearing a face mask, a measure aimed at helping contain the country’s most severe coronavirus outbreak so far.
Prayut was fined for violating a rule, effective from Monday, as he removed his face mask while presiding over a meeting Monday at the Government House, Bangkok Governor Aswin Kwanmuang said in a post on his Facebook account.
To contain the third wave of the COVID-19 outbreak, as of Monday, Bangkok and 47 other provinces have made mask wearing compulsory both in public places and outside residences. Violators may be subject to a fine of up to 20,000 baht.
As of Monday, Thailand’s total caseload has risen to 57,508, nearly doubled from the beginning of this month. (1 USD equals 31.45 Thai Baht) Enditem
(200528) — BANGKOK, May 28, 2020 (Xinhua) — Thai Prime Minister Prayuth Chan-ocha answers questions during an open session at the Parliament House in Bangkok, Thailand, May 27, 2020. (Xinhua/Rachen Sageamsak)