ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်အုပ်စု၊ ထုံးဘိုရပ်ကွက်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မီးရှို့ဖျက်စီးခဲ့ပြီးနောက် အဆိုပါ နေရာအနီးတွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးများဆောင်ရွက်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တန်ချိန် ၂၁ဝ ရှိ ကျောက်စိမ်းတုံးကြီးတစ်တုံးကို တူးဖော်ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာ့ ကျောက် မျက် ရတနာလုပ်ငန်းမှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကချင် ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ၊ ဆိုင်းတောင်- တာမခံသွား လမ်းမပေါ်တွင် မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်တွင် ဆာလာအိတ်များအတွင်း ဆပ်ပြာခွက်ဖြင့် ထည့်ထား သည့် ဘိန်းဖြူအလေးချိန် ၇.၇၄၃ ကီလို ၊ တန်ဖိုးငွေကျပ်...
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ အနီးရှိ ကျောက်စိမ်း လုပ်ကွက်တစ်ခုအတွင်း ကျောက်ကြော ကမ်းပါးပြိုကျမှုဖြစ်ပွားကာ ၁ဝ ဦး ဒဏ်ရာ ရရှိပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) ဖားကန့် မြို့နယ် စိုင်းတောင် ကျေးရွာနှင့် စပေါ့ ကျေးရွာကြားရှိ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် လုပ်ကိုင်သူ အချို့ သေဆုံးမှု ရှိပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေကြောင်း ဖားကန့်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန်ဒေသ၌ စွန့်ပစ် မြေစာပုံများကို မှော်ရန် ရပ်ကွက်ရှိ မှော်ရန်နှင့် ရေကြည်အနီးရှိ ချိုင့်ဝှမ်းများတွင် စွန့်ပစ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်လူမှု ကွန်ရက်အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ရန်ကုန်၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဖားကန့်တွင် မြေစာပုံပြိုကျသည့်အတွက် ရေမဆေးလုပ်သားများ သေဆုံးမှုရှိခဲ့ပြီး ၊ ထိုသို့သောဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရန် တာဝန်ရှိသူများအနေဖြင့် ဥပဒေ ၊ နည်းဥပဒေများ ချမှတ်ပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက် သင့်ကြောင်း ဆုထူးပန် ကျောက်မျက် ရတနာကုမ္ပဏီလီမီတက် မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဌေးက ယနေ့ မီဒီယာများ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာအုပ်စု ဥရုချောင်း အနောက်ဘက် ကမ်းရှိ ဆွတ်အောင်ကျေးရွာနှင့် ရှမ်းစု ကျေးရွာကြားရှိ ရာဇဌာနီ ( မြန်တကောင်း ကုမ္ပဏီခွဲ ) ၏ စွန့်ပစ် မြေစာပုံ ပြိုကြပြီး လူ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေမှာ တူးဖော်ရေး ကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နဲ့ ကုမ္ပဏီ ၂၃၁ ခုကိုအကျိုးတူ လုပ်ကွက်...
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဖားကန့် ဒေသတွင် မြေစာပုံ ပြိုကျကာ လူ့အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ် နေသောကြောင့် ယင်းမြေစာပုံ အနီး၌ လူနေထိုင်မှုကို တရားဥပဒေအရ တားမြစ်မည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနထံမှ သိရသည်။