Connect with us

Environment, Disasters & Accidents

ဖားကန့်ဒေသမှ တန်ချိန် ၂၁၀ ရှိ ကျောက်စိမ်းတုံးကြီး တူးဖော် တွေ့ရှိ

တန်ချိန် ၂၁၀ ရှိ ကျောက်စိမ်းတုံးကြီးအား တွေ့ ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တန်ချိန် ၂၁ဝ ရှိ ကျောက်စိမ်းတုံးကြီးတစ်တုံးကို တူးဖော်ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာ့ ကျောက် မျက် ရတနာလုပ်ငန်းမှ သိရသည်။

ထိုတူးဖော် တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီး၏ အခွံအရောင်မှာ အမည်းရောင် ဖြစ်ပြီး ကျောက်ကြောလွှာ၏ အောက်ဆုံးနေရာမှ တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ကျောက်သား ဖွဲ့စည်းပုံထဲတွင် အသင့်အတင့် ကောင်းမွန်သည့် အနေအထား ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် လုပ်ကွက်အတွင်း၌ ကျောက်စိမ်းတုံးအား ထားရှိထားကြောင်း သိရသည်။

ထိုကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် လုပ်ကွက်အတွင်းမှ ရတနာတောင်တန်း ကုမ္ပဏီက အောက်တိုဘာ ၁ဝ ရက်တွင် စတင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)