Connect with us

Environment, Disasters & Accidents

ဖားကန့်ရတနာနယ်မြေမှာ တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်အား လုပ်ကိုင်ခွင့်ပြုထား

လုံးခင်း၊ ဖားကန့်ဒေသတွင် ကျောက်စိမ်းများ တူးဖော်ထုတ်လုပ်နေပုံ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေမှာ တူးဖော်ရေး ကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နဲ့ ကုမ္ပဏီ ၂၃၁ ခုကိုအကျိုးတူ လုပ်ကွက် ၃၁၁ ကွက် စုစုပေါင်းဧရိယာ ၂၂၅၅.၃ဝ ဧကကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းကပြောသည်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက် နှင့် သတ္တုတွင်းဝန်ကြီးဌာနက ၂ဝဝ၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်စွဲ နှင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး၊ ဧရိယာအကျယ်အဝန်းက ၁,၇၅၂,ဝ၆၄ ဧကရှိကြောင်း၎င်း ကဆိုသည်။

ဖော်ထုတ်လုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းမှာ တစ်ဧကရှိပြီး အကျိုးတူလုပ်ကွက်အကျယ်အဝန်းမှာ ဧက ၅ဝ ရှိကြောင်း သိရသည်။ ကျောက်စိမ်းလုပ်ကွက် လုပ်ကိုင်ခွင့်ပြုခြင်းအပါအဝင် အခြား ကျောက်မျက်ရတနာ လုပ်ငန်းတွေ အားလုံးကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၊ အသင်းခွဲတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေကြောင်း၊ သတ်မှတ်လုပ်ကွက်တွေကို စတင် လုပ်ကိုင်ခွင့် နဲ့ သက်တမ်းကုန်အတွက်လျှောက်ထားနိုင်ကြောင်း ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းပြီး ဈေးပြိုင် အဆိုပြုလွှာ ခေါ်ယူကြောင်း ၎င်းကဆိုသည်။

ဖော်ထုတ်လုပ်ကွက်တွေ စတင်လုပ်ကိုင်ခွင့် အတွက် တစ်ကွက်ကို အဆိုပြု ငွေကျပ် ၁ဝ သိန်း နဲ့ အထက် သတ်မှတ်ပြီး ဦးစီးကော်မတီက လုပ်ကိုင်ခွင့်ချထား ပေးခြင်းဖြစ်ကြောင်း သိရသည်။ အကျိုးတူလုပ်ကွက်များ၏ လုပ်ကိုင်ခွင့်များအား လုပ်ကွက် အကျယ်အဝန်း တစ်ဧကအတွက် အဆိုပြုငွေကျပ် ၁ဝ သိန်းပေးသွင်းစေပြီး မူလသက်တမ်း ငါးနှစ်၊ ဒုတိယ သက်တမ်းသုံးနှစ်နှင့် တတိယသက်တမ်းမှစပြီး နှစ်နှစ်စီ သက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုကြောင်း သိရသည်။ (Xinhua)